Tomodachi game review


 Tomodachi game ဆိုတာ Friend game ပေါ့နော်။ Friend game ဆိုတာက သူငယ်ချင်းကစားပွဲလို့ပြောလို့ရပါတယ်။ ဒီ anime ဟာ သူငယ်ချင်းနဲ့ပိုက်ဆံယှဥ်ရင်ဘာကိုရွေးမလဲ ဆိုတဲ့ ကျွန်တော်တို့လက်ရှိဘဝတွေက စကားကို အကျယ်တဝံ့ရိုက်ပြထားသလိုပါဘဲ။

 

ဇာတ်လမ်းပုံစံပ Squid game နဲ့ ဆင်သယောင်ယောင်ရှိပေမယ့် လုံးဝကွဲပြားပါတယ်။ Katagiri Yuichi မှာ အချစ်ဆုံးသူငယ်ချင်း ၄ဦးရှိပါတယ်။ သူတိူ့ဟာသူတို့ဘဝမှာသူတို့ရဲ့ကိုယ်ပိုင်အခက်အခဲတွေကိုကျော်ဖြတ်နေကြရတာဖြစ်ပါတယ်။

တစ်နေ့မှာတော့ ကျောင်းရဲ့လေ့လာရေးခရီးအတွက် ပိုက်ဆံတွေပျောက်သွားတဲ့အခါမှာတော့ Yuichi အပါအဝင် သူတို့ သူငယ်ချင်းငါးယောက်ဟာ Tomodachi game ဆိုတဲ့ ကစားပွဲကို ဆော့ဖို့တွန်းအားပေးခြင်းခံလာရတဲအခါမှာဘာတွေဆက်ဖြစ်လာမလဲ။

 

ဒီ အခြေအနေတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲ သူငယ်ချင်းဆက်ဆံရေးတွေကို ဖျက်စီးပစ်စေလိုတဲ့ရည်ရွယ်ချက်နဲ့ဖြစ်တည်လာတဲ့ကစားပွဲတွေကိုဘယ်လိုကစားကြမလဲဆိုတာကို Mind game အမိုက်စားတွေနဲ့အတူ ကြည့်ရှုကြရမှာဖြစ်ပါတယ်။

 

ဒီ anime ဟာလူသိနည်းပြီး Underrated သဘောမျိုးဖြစ်နေပေမယ့် ကြည့်ရတာတန်တဲ့ anime ဆိုတာကိုတော့ အာမခံပါတယ်။ Manga မှာဆိုလည်း Yuichi ရဲ့ Evil smile တွေဟာလုံးဝ epic ပါဘဲ။ Rating ပေးရမယ်ဆိုရင်တော့ Apexcanal rating 8/10 ပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *