Tom Holland တစ်ယောက် Spider-man ……..လောင်းရိပ်ကထွက်နိုင်ပြီလား?……..

Tom Holland တစ်ယောက် Spider-man
……..လောင်းရိပ်ကထွက်နိုင်ပြီလား?……..
.
.
.
.
.
.

Character ရဲ့လွှမ်းမိုးမှုဆိုတာ အရမ်းအရေးကြီးပါတယ်။
Actor တစ်ယောက်ဟာ သူသရုပ်ဆောင်ရ
မယ့် Character အပေါ်လုံးဝဇာန် သွင်းပြီးသရုပ်ဆောင်ကြရပါတယ်။

တစ်ခါတစ်လေ ကျတော့လည်း Character ကို Actor ကလွှမ်းမိုးသွားတဲ့အခိုက်အတန့်တွေလည့းရှိတယ်ပြောရမယ်။

Advertisements

ဥပမာ Joaquin Phoenix ရဲ့ Joker ဆိုရင်
ဘယ် Comic က Joker နဲ့မှမတူပဲ သူ့ရဲ့ကိုယ်ပိုင် Joker တစ်ယောက်ကိုဖန်တီးလိုက်သလိုမျိုးလို့ပြောရင် ပိုမြင်မယ်ထင်တယ်ဗျ။

Character တစ်ယောက်ကို အရမ်းအားစိုက်ပြီးသရုပ်ဆောင်တဲ့အခါမှာ အဲ့ Character ရဲ့စရုက်လက္ခဏာတွေဟာ Actor ဆီပါလာတတ်ပါတယ်။

ဒါကဖြစ်နေကျလိုဖြစ်နေတဲ့အနုပညာလောကရဲ့အံ့ဖွယ်တစ်ခုပါဘဲ။
ဝတ္ထု ဆရာတွေမှာလည်းအဲ့လိုပြသာနာတွေရှိတတ်ပါတယ်။
ဝတ္ထု ဆရာကိုဝတ္တုကပြန်ရေးသွားသလိုမျိုးတွေပေါ့။

Advertisements

MCU ရဲ့ Spider-Man လေးဖြစ်တဲ့
Tom Holland ဟာ ကလေးဘဝကတည်း
Spider-Man fan တစ်ယောက်ပါ။

သူဟာတစ်နေ့မှာလုံးဝမထင်မှတ်ထားတဲ့ကမ်းလှမ်းမှုတစ်ခုကိုရခဲ့တယ်။
အဲ့ဒါဘာလဲဆိုရင်တော့ Spider-Man အဖြစ်
သရုပ်ဆောင်ခွင့်ရတာပါဘဲ။

သူ့ရှေ့က Spidy သရုပ်ဆောင်တွေထက်အသက်ငယ်တဲ့အပြင် အတွေ့အကြုံနုတဲ့ Tom အဖို့တော့ဒါဟာလုံးဝကို စွန့်စားခန်းကြီးပါဘဲ။

Advertisements

Tom ဟာ Spidy အဖြစ်၆ကားအထိ သရုပ်ဆောင်ခဲ့ပြီး Fan တွေသဘောကျတဲ့ Spidy ဖြစ်လာပါတော့တယ်။

Advertisements

ဒါပေမယ့် Tom ဟာ သူ့ကိုယ်သူအားမရခဲ့ပါဘူး။ သူဟာ Spider-Man အဖြစ်ပဲ အများဆုံးသရုပ်ဆောင်ရတာကြောင့် သူ့ဟာ
ဒီ Cha ကလွဲရင်ကျန်တာမရဘူးလို့ Fan တွေသတ်မှတ်လာမှာကိုပါဘဲ။

ဒါ့ကြောင့် သူဟာ အခြားဇာတ်ကားက Character တွေမှာလည်းအကောင်းဆုံးကြိုးစားခဲ့ပါတော့တယ်။
ဒါပေမယ့်လည်းသူ့ရဲ့ သရုပ်ဆောင်ပုံတွေဟာ
ပေါ့ပေါ့ပါးပါး နေတတ်တဲ့ Peter
Spider-man လောင်းရိပ်ကမလွတ်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။

Advertisements

Spider-man no way home အပြီးမှာတော့
Spider-Man ဆိုတဲ့ ဇာတ်ကောင်ရဲ့
လေးနက်မှုကိုသူစတင်ပြီး ပုံဖော်လာခဲ့ပါပြီ။

မကြာသေးခင်ကပဲ Digital release ခဲ့တဲ့
Uncharted
ဆိုတဲ့ရုပ်ရှင်မှာဆိုရင်တော့ Tom တစ်ယောက် Character လောင်းရိပ်က လွတ်မြောက်စပြုလာတာကိုတွေ့မြင်ရမှာပါ။

ဒါပေမယ့်တစ်ချက်တစ်ချက်ယောင်ပြီး
Spider-man pose တွေထလုပ်တာလည်းတွေ့ရပါတယ်။

Advertisements

ဘာပဲ ဖြစ်ဖြစ် Tom တစ်ယောက် အခုလိုမျိုး
လောင်းရိပ်ကလွတ်ဖို့ကြိုးစားနေတာကိုတော့ဝမ်းသာမိပါတယ်။

လူတွေဟာကိုယ့်တန်ဖိုးကို ကိုယ်ပဲသတ်မှတ်သင့်ပါတယ်။
သူများသတ်မှတ်တာကိုမခံသင့်ပါဘူး။
Character တစ်ခုမှာရပ်မနေပဲ ကြိုးစားနေတာဟာဝမ်းမြောက်စရာပါဘဲ။

Tom Holland အနေနဲ့လက်ရှိမှာ Spidy လောင်းရိပ်က လွန်ပြီးလားဆိုရင်တော့
No ပါ ။

Advertisements

သူရဲ့ ခေတ်ပြိုင်လို့ပြောလို့ရတဲ့ Timothee ရဲ့သရုပ်ဆောင်ပုံကို​တောင်
အမှီလိုက်ရမယ့်အနေအထားမှာရှိနေပါတယ်။
ဒီအတိုင်းကြိုးစားသွားရက်တော့အနာဂတ်မှာ
ေပြာင်မြောက်တဲ့ Actor ကောင်းတစ်ယောက်ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။
.
.
.
.
.
.
#zin
#apexcanal

Leave a Reply

Your email address will not be published.