Supernatural star Jared Padalecki Accident ဖြစ် ………

Supernatural star Jared Padalecki Accident ဖြစ် ………

CW ရဲ့အောင်မြင်တဲ့ series တစ်ခုဖြစ်တဲ့ Supernatural ရဲ့ star တစ်ယောက်ဖြစ်တဲ့ Jared Padalecki ဟာ ဧပြီလ 24 ရက် 08:09 ခန့်က ကားမတော်တဆမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။

Supernatural series သရုပ်ဆောင်တစ်ဦးလည်းဖြစ် Jared ရဲ့တွဲဖက်တစ်ယောက်လည်းဖြစ်တဲ့ Jensen Ackles ရဲ့ပြောကြားချက်အရ ကားမတော်တဆမှုကြောင့် Jared တစ်ယောက် Show ပွဲကိုတောင်မတက်နိုင်တော့ဘူးလို့ပြောကြားကြောင်းသိရပါတယ်။ “ကျွန်တော်သူ့ကိုလွမ်းတယ်။သတိလည်းရတယ်။ဒီပွဲကိုသူမတက်နိုင်တာတကယ်စိတ်မကောင်းဘူး” လို့လည်းပြောခဲ့ပါသေးတယ်။

Advertisements
Advertisements

“ဒီမတော်တဆမှုဟာ သူများတွေလိုသူ့ကားသူမောင်းရင်းဖြစ်ခဲ့တာမျိုးမဟုတ်ဘူး။ သူကသူ့ရဲ့ခရီးသည်ခုံပေါ်မှာထိုင်လိုက်ပြီးဖြစ်ခဲ့တာဗျ သူအသက်ရှင်နေသေးတာ
ကျွန်​ေတာ်တကယ်ဝမ်းသာတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။ Ackles ရဲ့ အဆိုအရဆိုရင် Padalecki ဟာ Accident အရှိန်ကြောင့် ကားရဲ့ လေအိတ်​တွေနဲ့ ​ထိခိုက်မိခဲ့တာပါ။

အခုတော့သူလည်းဆေးရုံတက်ပြီးဆေးကုသမှုခံယူနေပြီဖြစ်တာကြောင့် မကြာခင်မှာပဲ သူပြန်လာတော့မှာပါ။ ကျွန်တော်တို့လည်းသူအမြန်ပြန်ကောင်းဖို့ဆုတောင်းပေးကြရုံပေါ့ဗျာ

Advertisements

Leave a Reply

Your email address will not be published.