Spy X Family Review (သို့မဟုတ်) အဖွင့်ကောင်းနေတဲ့ Spy X Family

Spy X Family
Review
(သို့မဟုတ်)
အဖွင့်ကောင်းနေတဲ့
Spy X Family
………………..
.
.
.
Manga မှာတည်းကလူကြိုက်များတဲ့
Manga ဖြစ်ပြီး Manga သမားအချို့ရဲ့အသည်းစွဲ ဖြစ်ခဲ့တဲ့ Manga တစ်ခုလို့ဆိုရပါမယ်။

ဒီ Manga story ကို Wit studio က
anime ပြန်ရိုက်မယ်လည်းဆိုရော manga သမားတွေဟာထခုန်မတက် ဝမ်းသာခဲ့ကြပါတယ်။
Animation ကလည်း Wit studio နဲ့ Clover work ​ပေါင်းပြီး animated တာ
ဖြစ်တာကြောင့်အားလုံးဟာ မျှော်လင့်ချက်ကြီးစွာနဲ့စောင့်ဆိုင်းနေကြတာ အမှန်ပါဘဲ။

Wit studio ဆိုတာကလည်း
Attack on titan , “Kabaneri of the Iron Fortress”,Vinland saga တို့လို anime တွေထုတ်တဲ့ တာကိုး။
ပြီးတော့ The promise neverland တို့
My dress Darling တို့လို anime တွေကို animated လုပ်တဲ့ studio နှစ်ခုကပေါင်းပြီး
Animated မှာဖြစ်တာကြောင့် အားလုံးကမျှော်လင့်နေကြတာဖြစ်ပါတယ်။

Advertisements

……….

ဇာတ်လမ်းသွားကတော့
Loid Forger
Code name (Twilight)
ဟာ Mission တစ်ခုကိုထမ်းဆောင်ဖို့အတွက်
၇ရက်အတွင်း ကလေးတစ်ယောက်မွေးဖို့အကြောင်းဖန်လာပါတယ်။
အဲ့ဒီမှာပဲ Loid ဟာ စိတ်ရောဂါကုဆရာဝန်ဟန်ဆောင်ပြီး မိဘမဲ့ဂေဟာက Anya ဆိုတဲ့
ကလေးမလေးကိုမွေးစားခဲ့ပါတယ်။

Anya ဆိုတဲ့ကလေးမလေးကလည်းတော်ရုံကလေးမဟုတ်ပဲ စိတ်စွမ်းအားရှင်လေးဖြစ်နေတဲ့အခါမှာတော့
သူ့ရဲ့ မွေးစားဖခင်ဟာ Spy တစ်ယောက် ဆိုတာသိပြီးတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ
ဒါ့အပြင် Yor ဆိုတဲ့​ လုပ်ကြံရေးသမား
အမျိုးသမီးလေးနဲ့လက်ထပ်လိုက်ချိန်မှာလဲ
Anya က စိတ်စွမ်းအားရှင်ဆိုတော့ Yor ကို လုပ်ကြံရေးသမားမှန်း
သိသွားပြီး ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာ
စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်
Family,Drama,action လေး ပါ။

Advertisements
Advertisements

Anya လေးရဲ့ချစ်ဖို့ကောင်းတဲ့အမူအရာလေးတွေ Loid ရဲ့ Anya အပေါ်ဂရုစိုက်မှု တွေအပြင် Yor နဲ့ Ro တဲ့အခန်းလေးတွေကလည်းအတော်လေးကြည်နူးဖို့ကောင်းနေပါတော့တယ်။

Animation,Opening နဲ့ Ending ကလည်းပြောစရာမလိုတဲ့အတွက် ဒီလိုကောင်းကွက်တွေနဲ့ anime ဟာ fan ေတွရဲ့ပါးစပ်ဖျားမှာ
ရေပန်းစားလာကြပါပြီ။

Loid လို Daddy type ကြီးကို husbando တော်ချင်နေသူတွေရှိတဲ့အပြင်
Yor ကိုလည်း Waifu တော်နေကြသူတွေတောင်ရှိလာကြပါပြီ။

Advertisements

လက်ရှိမှာ Ep နှစ်ပိုင်း ထွက်ရှိထားပြီး
အတော်လေး အဖွင့်ကြမ်းနေတယ်လို့ဆိုရပါမယ်။
အခုလိုစိတ်ညစ်နေကြချိန်မှာကြည့်မယ်ဆိုရင်တော့ သေချာပေါက် စိတ်သက်သာရမယ့် anime ဖြစ်တာကြောင့် ကြည့်ဖို့
Recommended ပေးပါတယ်။

Apexcanal rating
8/10

#zin
#apexcanalanime

Advertisements

Leave a Reply

Your email address will not be published.