Sabbac အကြောင်း


DC comic တွေနဲ့ အနည်းငယ်စိမ်းတဲ့ သူတွေအနေနဲ့ Sabbac ဆိုတဲ့ Villain ကို သိပ်သိကြမှာမဟုတ်ပါဘူး။ ဘာလို့ဆိုသူက LA version လည်းမရှိခဲ့သလို Animation တွေမှာလည်း တွေ့ရတတ်သူမဟုတ်လို့ပါ။ အခု Black ADAM ကျမှ ဗြုံးစားကြီး စမြင်ရတာဆိုတော့ တော်တော်များများက သူနဲ့ပတ်သက်ပြီးသိချင်နေကြမယ်ထင်လို့ Sabbac အကြောင်းရေးပေးလိုက်ပါတယ်။

 

Sabbac ရဲ့ နာမည်အရင်းက Timothy Karnes ပါ။ Captain Marvel, Jr. #4 (February, 1943) မှာစတင်ပါဝင်လာခဲ့တာဖြစ်ပြီး Al Carreno နဲ့ Otto Binder တို့ကဖန်တီးခဲ့တာဖြစ်ပါတယ်။ Captain Marvel ဆိုလို့ကြောင်မသွားပါနဲ့နော် DC မှာ အရင်က Shazam ကို Captain Marvel လို့ပဲခေါ်တာပါ။

 

နောက်ပိုင်းကျ Marvel မှာပါ Captain Marvel ပေါ်လာတော့ Copyright တွေနဲ့ ရှုပ်ကုန်မဆိုးလို့ DC ဘက်က Shazam လို့နာမည်ပြောင်းလိုက်တာဗျ။ ဆိုတော့ Sabbac အကြောင်းဆက်ကြတာပေါ့ Sabbac ရဲ့သဘောတရားက Shazam တို့ Black ADAM တို့လိုပဲ နှုတ်ကနေ Sabbac ဆိုပြီးရွတ်လိုက်တာနဲ့ Timothy Karnes အဖြစ်ကနေ Sabbac form အဖြစ်ကိုပြောင်းလဲသွားပါတယ်။

 

Shazam တို့နဲ့တူတဲ့နောက်တစ်ချက်က နာမည်က စကားလုံးတစ်လုံးစီတိုင်းက God တစ်ယောက်ကို ရည်ညွှန်းသလိုပဲ Sabbac ဆိုတဲ့နာမည်ရဲ့ စာလုံးတစ်ခုချင်းစီက Demon တွေ Devil တစ်ယောက်ချင်းကို ရည်ညွှန်းပါတယ်။ ပြောရရင် Marvel,Shazam family ရဲ့ ဆန့်ကျက်ဘက် versions လို့အလွယ်မှတ်နိုင်ပါတယ်။

 

S အတွက် demons Satan A အတွက် Aym, BB အတွက် Belial Beelzebub, A အတွက် Asmodeus, C အတွက် Crateis တို့ ဖြစ်ပါတယ်။ Sabbac ရဲ့အစွမ်းတွေကတော့ အကြမ်းဖျင်းအားဖြင့် Superhuman strength, speed and endurance, durability, flight, fire-breath, fire blasts စသဖြင့်ရှိပါတယ်။

 

အမှန်က Sabbac ဟာ Billy တို့မျိုး အရင်က သာမာန်လူသားတစ်ယောက်ပါဘဲ Shazam တို့ကိုဆန့်ကျင်ဖို့အတွက် ငရဲက Dark force တွေက Timothy Karnes ဆိုတဲ့လူသားကို Dark force အစွမ်းတွေပေးလိုက်တာကနေ Sabbac ဆိုပြီးဖြစ်တည်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိ Black ADAM မှာတော့ ဘယ်လိုလာမလဲ မသိရပေမယ့် trailer တွေ TV spot တွေမှာ တွေ့ရသလောက်တော့ JSA နဲ့ Black ADAM တို့ ရန်ဖြစ်နေကြတုန်း အလစ်မှာ ဝင်တိုက်တဲ့ပုံစံမျိုးဖြစ်ဖို့များပါတယ်။ အတိအကျတော့ခန့်မှန်းရခက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *