RDJ ပြန်လာဖို့မရှိသေး


MCU ရယ်လို့စတင်ဖြစ်တည်လာစေတဲ့ Iron man movie ရဲ့သရုပ်ဆောင်ကြီး Robert Downey Jr ဟာဆိုရင် MCU လမ်းစဥ်တစ်လျှောက် Endgame ထိတောက်လျှောက်ပါဝင်လာခဲ့ပြီး Ironman Character နဲ့ ခွဲမရတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။

 

Endgame အပြီးမှာတော့ tony stark Character က သေသွားပြီမို့ အားလုံးရင်ထဲကွဲခဲ့ကြကာ I love you 3000 ဆိုပြီးတော့တောင်ခေတ်စားခဲ့ကြပါသေးတယ်။ Endgame အပြီး MCU phase4 ဟာ မကြာခင်ပြီးဆုံးတော့မှာဖြစ်ပြီး MCU phase5 မှာ အတော်များများက RDJ ကိုပြန်လာစေချင်နေကြပါတယ်။

 

Variant အဖြစ် ပြန်လာစေချင်တဲ့သူရှိသလို Armor war မှာ Tony stark AI အဖြစ်နဲ့လည်းပြန်လာစေချင်သူတွေရှိကြပါတယ်။ ဒါပေမယ့်လည်း Joe Rogan’s Poscast မှာတော့ RDJ ဟာ သူ့အနေနဲ့ MCU ရဲ့ fucture project တွေမှာ သူ့ကိုပြန်တွေ့ရမှာလားဆိုတဲ့မေးခွန်းကို ဖြေပေးခဲ့ပါတယ်။

 

သူ့အနေနဲ့ပြန်လာဖို့အစီအစဥ်မရှိသေးသလို ဒီ Character နဲ့ပတ်သက်ပြီးငါလုပ်ခဲ့တာတွေလုံလောက်ပြီလို့ထင်ကြောင်း ဒီကိစ္စကို Rumor တွေထုတ်ပြီးယုံအောင်လုပ်နေတဲ့ကိစ္စကိုသူသိကြောင်း သူ့အနေနဲ့အခြားသောဆန်းသစ်တာတွေသာလုပ်ချင်ကြောင်းကိုဖြေကြားလာခဲ့ပါတယ်။

 

RDJ အနေနဲ့ ironman character ကို သရုပ်ဆောင်တာဟာ သူ့အတွက် အခြားသော Character တွေကိုသရုပ်ဆောင်ရမယ့် အခွင့်အလမ်းတွေပိတ်သလိုခံစားရစေတဲ့အပြင် အခြားသော အရာတွေကိုလည်း သူလုပ်ချင်နေတာကြောင့်ပြန်လာဖို့မဖြစ်နိုင်သေးဘူးလို့ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *