Power ranger နဲ့ Super sentai


ဒီနေ့ဟာ Power ranger နှစ်သုံးဆယ်ပြည့်နေ့ဖြစ်တာကြောင့် Power ranger ေရာSupersentai တွေရောအတွက် Special events တွေ Movies တွေများစွာကြေငြာခဲ့ပါတယ်။

ကျွန်တော်တို့တော်တော်များများဟာကလေးဘဝမှာ power ranger series တွေနဲ့ကင်းခဲ့မယ်မထင်ပါဘူး။Power ranger series တွေနဲ့ပဲမကင်းတာလားဆိုတော့လဲ မဟုတ်ပါဘူးSuper sentai တို့ Ultra man တို့ Kamen rider တို့နဲ့လည်းမကင်းကြပါဘူး။ယနေ့မှာတော့ အားလုံးကခွဲခွဲခြားခြားသိပ်မသိသေးတဲ့ Super sentai နဲ့Power ranger ကွာခြားပုံကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

ဆိုတော့စလိုက်ကြရအောင်
……
.
.
.
.
.
ပထမ အနေနဲ့ ပါဝါရိန်းဂျားနဲ့ super sentai ဘယ်ဟာအရင်ထွက်တာလဲဆိုတာကိုအရင်ပြောပါမယ်။
Super sentai series တွေဟာ
Shotaro Ishinomori ဆိုတဲ့ mangaka တစ်ယောက်က စတင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။
ယခုအချိန်ထိလူသိများနေဆဲလို့ပြောလို့ရတဲ့
Android Kikaider,Kamen rider တို့
Astro Boy တို့ကို ဖန်တီးခဲ့တဲ့ဖခင်ကြီးလို့ပြောလို့ရပါတယ်။
Shotaro ရဲ့ ပထမဦးဆုံး super sentai manga နှစ်ခုကတော့ Himitsu Sentai Gorenger နဲ့ J.A.K.Q. Dengekitai တို့ပါဘဲ။Live action အဖြစ်လည်းအစောဆုံးထွက်ခဲ့တဲ့ Super sentai တွေဖြစ်ပါတယ်။
အဲ့ဒီ့နောကျပိုငျးမှာတော့ Marvel comic နဲ့
Crossover အချို့လုပ်ခဲ့ကြပြီး

Tokusatsu Spider-man series တောင်ရိုက်ကူးခဲ့ကြပါသေးတယ်။

ဒီလိုနဲ့ super sentai series တွေဟာ
တဖြည်းဖြည်းနာမည်ကြီးလာခဲ့ပြီး
မကြာမီမှာပဲ Haim Saban Shuki တည်ထောင်တဲ့
Hasbro Company ဟာ Supersentai ကို
American remake သဘောမျိုးနဲ့
ပြန်လည်ရိုက်ကူးရာကနေ Power ranger ဆိုပြီး ဖြစ်ပေါ်လာပါတော့တယ်။
ပထမဦးဆုံး power ranger series ကတော့

Mighty Morphin Power Rangers series ပဲ ဖြစ်ပါတယ်။

Power ranger series တွေကို အစဥ်လိုက်
စီကြည့်ရင်တော့
Mighty Morphin Power Rangers (1993) …
Mighty Morphin Alien Rangers (1996) …
Power Rangers Zeo (1996) …
Power Rangers Turbo (1997) …
Power Rangers In space (1998) …
Power Rangers Lost Galaxy (1999) …
Power Rangers Lightspeed Rescue (2000) …
Power Rangers Time Force (2001)
Power Rangers Wild Force (2002)
Power Rangers Ninja Storm (2003)
Power Rangers Dino Thunder (2004)
Power Rangers S.P.D. (2005)
Power Rangers Mystic Force (2006)
Power Rangers Operation Overdrive (2007)
Power Rangers Jungle Fury (2008)
Power Rangers RPM (2009)
Power Rangers Samurai (2011)
Power Rangers Super Samurai (2012)
Power Rangers Megaforce (2013)
Power Rangers Super Megaforce (2014)
Power Rangers Dino Charge (2015)
Power Rangers Dino Super Charge (2016)
Power Rangers Ninja Steel (2017)
Power Rangers Super Ninja Steel (2018)
Power Rangers Beast Morphers (2019)
Power Rangers Dino Fury (2021)

တို့ပဲ ဖြစ်ပါတယ်။

ဒါကတော့ ပါဝါရိန်းဂျား series တွေကိုအစကနေ အသေအချာကြည့်ချင်တဲ့သူတွေကြည့်လို့ရအောင်လို့ Watch in order စီပေးတာဖြစ်ပါတယ်။
ဆိုတော့ Power ranger နဲ့ Super sentai ဘယ်သူအရင်လဲ ဆိုရင်တော့
Super sentai က အရင်ထွက်တာဖြစ်ပြီး
Origin ဖြစ်ပါတယ်။
ကျွန်တော်တို့ကလေးဘဝက ကြည့်ခဲ့တာချင်းအတူတူတောင် Super sentai နဲ့ ပါဝါရိန်းဂျားဟာ မတူညီတာတွေအများကြီးရှိပါတယ်။အရင်ဆုံးပြောရရင် plot ပေါ့။
Super sentai ရဲ့ plot တွေကအတော်လေးမိုက်ပြီး japan တွေဆိုတဲ့အတိုင်းပဲ

Character development တွေ story line တွေကအတော်လေးအဓိပ္ပါယ်ပါပါတယ်။

ပါဝါရိန်းဂျား plot တွေလည်းကောင်းပေမယ့်
Original super sentai ကိုမမှီတာတော့အမှန်ပါဘဲ။
နောက်တစ်ခုက CGI ပါ။
Japan CGI နဲ့ American CGI ယှဥ်ရင်
American ကပိုသာတယ်ဆိုတာတော့
ပြောစရာလိုမယ်မထင်ပါဘူး။
ဒါ့ကြောင့် ပါဝါရိန်းဂျား ​series တွေက CGI တွေဟာ Super sentai ထက်တော့
နှာတစ်ဖျားသာနေပါတယ်။
Opening songs တွေကတော့
Super sentai ရော Power rangers ရောက
မတူညီတဲ့ခံစားမှုတွေပေးစွမ်းနိုင်ပြီး
ပါးစပ်ထဲစွဲနေအောင်လုပ်နိုင်တဲ့အထိကောင်းပါတယ်။
Power rangers series ​တွေဟာ
Super sentai origin plot ကနေအနည်းငယ်
ကွဲထွက်သွားတတ်ကြပါတယ်။
ဥပမာပေးရရင် Mega force နဲ့ Super mega force ပေါ့။
Mega force ဟာ Supersentai မှာဆိုရင်
Tensou sentai Goseiger ဖြစ်ပြီး
Super mega force ကတော့

Kaizoku Sentai Gokaiger ဖြစ်ပါတယ်။

မတူညီတဲ့ Supersentai နှစ်ဖွဲ့ကို
တစ်ခုတည်းလုပ်လိုက်တာမျိုးတွေက သိပ်ပြီး
အဆင်မပြေပါဘူး။
ဘာလို့ဆို နတ်သား ကနေ ပင်လယ်ဓားပြ ဖြစ်သွားလို့ပါ။
ဒါကတော့ သိသာထင်ရှားတဲ့ ဥပမာပေါ့ဗျာ။
နောက်တစ်ခုက ကျတော့
Japan မှု ပြုတဲ့ Power rangers series တွေပေါ့ ဥပမာ Ninja storm တို့ Ninja Steel တို့ Samurai တို့ Mighty Morphin Alien Rangers တို့လိုမျိုးတွေကျတော့
Japan လူမျိုးကိုသုံးတာပိုအဆင်ပြေစေမှာဆိုပေမယ့် Remake ဆိုတဲ့အတိုင်း
White people တွေချည်းသုံးထားတဲ့အခါမှာ နည်းနည်းကြည့်ရတာ ဖီးငုပ်စေတယ်လို့ထင်ပါတယ်။
ဒါကတော့ကျွန်တော့်အမြင်ပါ။
Super sentai နဲ့ Power rangers ဘာကွာလဲဆိုရင်တော့
Plot,CGI,Originနဲ့ Series ကိုပုံဖော်ပုံ
ကွာတယ်လို့မြင်ပါတယ်။
Personal ​အရပြောရရင်တော့
Super sentai series တွေကိုပိုသဘောကျမိပါတယ်။ဘာလို့ဆို အချို့ ဆိုရင်
Plot အတော်လေးကောင်းကြလို့ပါ။
ဂေါင်းကြီးတို့ရော ဘယ် super sentai တွေ
ဘယ် power ranger series တွေကိုကြိုက်ကြလဲဗျ။
ဘယ် series ကိုအရင်ဆုံးကြည့်ဖူးခဲ့ကြတာလဲဆိုတာကို Comments မှာ
ဖြေသွားခဲ့ကြပါအုန်း။
ကျွန်တော်ကတော့ Super sentai မှာဆိုရင်

Kaizoku sentai ,Power rangers series ဆိုရင် Lost galaxy ကို အကြိုက်ဆုံးပါ။

Leave a Reply

Your email address will not be published. Required fields are marked *