One Piece Studio Hack ခံရခြင်း

One Piece Studio Hack ခံရခြင်း
…………………………
နာမည်ကြီး Studio တစ်ခုဖြစ်တဲ့ Toei animation ဟာOne piece ကို ထုတ်လုပ်လာတာဟာအတော်လေးကိုကြာနေပါပြီး Fan တွေဟာလည်း One piece ကိုToei ရဲ့ animation နဲ့သာကြိုက်နှစ်သက်ကြမှာ
အမှန်ပါဘဲ။
ဒီနေ့မှာတော့One Piece Anime Studio ဖြစ်တဲ့ Toei Animation ကုမ္ပဏီရဲ့ Network ကို အမည်မသိ ပြင်ပ အဖွဲ့အစည်းတစ်ခုကနေပြီးHack ခြင်းခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကြောင့် project အတော်များများကိုလည်းရပ်ဆိုင်းထားရတယ်လို့သိရပါတယ်။ Hack တဲ့သူတွေကိုတော့ယခုအချိန်ထိ စုံစမ်းဆဲ ဖြစ်ပြီး One Piece, Dragon Quest: The Adventure of Dai, Delicious Party Precure နဲ့ Digimon Ghost Game Anime
စတာတွေကိုထုတ်လွှတ်ဖို့အခက်အခဲတွေဖြစ်သွားတာပဲ ဖြစ်ပါတယ်။
One Piece ရဲ့နောက်ပိုင်း ထုတ်လွှင့်မဲ့အပိုင်းတွေရဲ့ time table ကိုတော့ Official Website ကနေကြေငြာသွားမယ်လို့သိရပါတယ်။ Hack တဲ့အဖွဲ့အစည်းကတော့ဘယ်အဖွဲ့အစည်းပဲ ဖြစ်ပါစေ အတော်လေးဆိုးဝါးတဲ့လုပ်ရပ်တစ်ခုကိုလုပ်လိုက်တာပါဘဲ။ Inter fan တွေအနေနဲ့လည်းဒီအဖြစ်အပျက်ကိုဝမ်းနည်းနေကြပါတယ်။
Myanmar က One piece fanတွေအနေနဲ့တော့ ဆုတောင်းရုံ က လွဲ ပြီး ဘာမှမတတ်နိုင် ပါဘူး။
#zin
#apexcanal