MoonKnight Series အားသဘောကျမိပုံ

MoonKnight Series
အားသဘောကျမိပုံ
………………………..
MoonKnight series ဟာ MCU ရဲ့လမ်းကြောင်းသွေဖယ်ပြီး ထွက်ရှိလာတဲ့
ဒုတိယမြောက်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။
ပထမ ဇာတ်လမ်းကတော့ Eternel ပါ။
MoonKnight ကို trailer ကတည်းက အတော်လေး deep and dark vipe လေးရနေကြမှာပါ။
တကယ်လည်း Character ကရက်စက်တတ်
အခြား MCU character တွေနဲ့ကဲွဲပြားနေတာတော့အမှန်ပါဘဲ။
Khonsu ဆိုတဲ့လနတ်ဘုရားနဲ့ဆက်နွယ်ပြီး
Mac ဟာ MoonKnight ဖြစ်လာရတာပဲ ဖြစ်ပါတယ်။
Khonsu ဟာ
နေ နတ်ဘုရားခေါ် Ra ရဲ့ သားတော်ဖြစ်ပြီး
ပြန်လည်ရှင်သန်ခြင်း,အကာအကွယ်ပေးခြင်းတို့ရဲ့နတ်ဘုရားတစ်ပါးပဲ ဖြစ်ပါတယ်။
Khonsu ဟာ သူ့ရဲ့ Human avatar အဖြစ်
MoonKnight တွေကိုသွန်းလုပ်လေ့ရှိပါတယ်။
သူ့ရဲ့ Human avatar အဖြစ်ရွေးခြယ်ခံရသူဟာ MoonKnight ဖြစ်လာပါတော့တယ်။
ဒီအချက်ကတော့ Ghost Rider နဲ့ခပ်ဆင်ဆင်ပါဘဲ။
သားတော်ဖြစ်သူ လနတ်ဘုရားမှာပဲ
Human avatar ရှိတာလားဆိုတော့မဟုတ်ပါဘူး။
နေနတ်ဘုရား Ra မှာလည်း Human avatar တွေရှိပါတယ်။
သူတို့ကိုတော့ Sunking လို့ခေါ်ပါတယ်။
လက်ရှိ series က Ethan ကို sunking လားလို့တောင်ထင်မိပါတယ်။
Series မှာရော Poster အဖြစ်ပါထွက်ရှိထားတဲ့ရွှေငါးလေးဟာလည်းအဓိပ္ပါယ်တစ်ခုရှိပါတယ်။ ဘာအဓိပ္ပါယ်လဲ ဆိုတော့
ရွှေငါးလေးတွေရဲ့ မှတ်ဉာဏ်ဟာ
စက္ကန့် ပိုင်းပဲရှိတာမလို့ Marc ရဲ့မှတ်ဉာဏ်ပျောက်မှုကိုရည်ညွှန်းထားတာလို့ထင်ပါတယ်။မှတ်ဉာဏ်ရဲ့အရေးပါပုံကိုရည်ညွှန်းပြသ သွားတာကိုတော့အတော်သဘောကျမိတာအမှန်ပါ။
MoonKnight series မှာဆိုရင်
Actor တွေရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်မှုတွေ အီဂျစ် ယဥ်ကျေးမှုကို ပြောင်မြောက်အောင်ရိုက်ပြနိုင်တာတွေဟာ
Moonknight ရဲ့အနှစ်သာရတွေလို့တောင်ပြောလို့ရပါတယ်။
ပြောစရာဆိုလို့ MCU လို့ CGI မှာဆရာတစ်ပါးက ဒီ series မှာ CGI သိပ်မသေသပ်သလိုခံစားရပါတယ်။
ပြီးတော့ Fight scence တွေမှာ ဆိုရင်
ထင်သလောက်ဖြစ်မလာခဲ့ပါဘူး။
ဒါပေမယ့်လည်းတင်ဆက်ပုံ ဆန်းသစ်မှုကြောင့် Series ကောင်းတစ်ခုအဖြစ်ရှိနေပါသေးတယ်။
.
.
.
.
.
#zin
#apexcanal