Skip to content

MCU မှာပါဝင်ချင်လာတဲ့ Nightcrawler

Doctor Strange MoM ဟာလက်ရှိ MCU အတွက်အပြောင်းအလဲများစွာရှိလာမယ့်အခြေအနေမှာ ရှိတဲ့အပြင်
Trailer မှာတင်အတော်လေးလုပ်ပြနိုင်ထားတာကြောင့် fan တွေကလည်း မျှော်လင့်ကြီးစွာ စောင့်ဆိုင်းနေကြပါတော့တယ်။

X men တွေရဲ့ဖခင်ကြီး Professor Charles Xavier သရုပ်ဆောင် Patrick Stewart ဟာလည်းပါဝင်ဖို့သေချာသလောက်ရှိနေပြီ ဖြစ်သလိုအခြား ပါဝင်လာနိုင်တဲ့ Character များစွာ လည်းရှိနေပါသေးတယ်။
ဒီ movies ဟာ Multiverse ကိုချိတ်ဆက်ပေးမယ့် movies ဖြစ်တာကြောင့်မဖြစ်နိုင်ဘူးထင်ထားတာတွေပါဖြစ်လာနိုင်မှာပါ။

 

Variety ရဲ့ interview တစ်ခုမှာတော့Night Crawler သရုပ်ဆောင် Kodi Smit-McPhee ဟာ Dr strange 2 နဲ့ပတ်သက်ပြီး သူဟာ ဒီဇာတ်ကားရဲ့ trailer ကိုကြည့်ပြီးတဲ့အခါမှာ Patrick Stewart ပါလာတာကိုတွေ့ပြီး အရမ်းစိတ်လှုပ်ရှားသွားခဲ့တယ်လို့ ဆိုပါတယ်။ အမှန်အတိုင်းပြောရရင် ဒီဇာတ်ကားမှာသူပါဝင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်သူဟာ လည်း ဒီဇာတ်ကားရဲ့ပရိတ်သတ်ဖြစ်တာကြောင့်အတော်လေး စိတ်လှုပ်ရှားနေမိတယ်လို့ဆိုပါတယ်။
မမျှော်လင့်ထားတဲ့သူတွေပါလာပြီး suprise တိုက်တာအတော်မိုက်တယ်။ ရုံတင်ရင်ကျွန်တော် သွားကြည့်ဖြစ်အောင်ကြည့်အုန်းမှာလို့ဆိုလာပါတယ်။
MCU ကိုကျွန်တော်ယုံကြည်တယ် အကယ်လို့ ကျွန်တော်သာ MCU မှာပါခွင့်ရရင် သိပ်ကောင်းမှာပဲလို့ interview မှာဖြေဆိုထားခဲ့တာကိုတွေ့ရပါတယ်။

Advertisements
Advertisements

Kodi အနေနဲ့ Night crawler အဖြစ် MCUမှာ ပြန်လာခဲ့ရင်တော့အတော်လေးမိုက်မှာတော့ သေချာပါတယ်။
MCU အနေနဲ့ကလည်းအတော်လေး Multiverse ကိုခရီးဆန့်ထားပြီးဆိုတော့ MCU မှာ KoDi ပါလာဖို့က ဖုန်းလေးတစ် call ဆက်ရုံနဲ့ဖြစ်နိုင်ပါပြီဗျာ။

Leave a Reply

Your email address will not be published.