Jame Gunn ဦးဆောင်တော့မယ့် DC အနာဂတ်


 

DC အနေနဲ့ အရင် ဥက္ကဋ္ဌ Walter Hamada နှုတ်ထွက်ပြီးတဲ့နောက်ပိုင်းမှာ DC ကို lead ဖို့အတွက် ဥက္ကဋ္ဌ ကောင်းကိုရှာဖွေနေခဲ့တာဟာအတော်လေး ကြာခဲ့ပြီ ဖြစ်ပြီး The Rock က lead မယ်လို့တောင် သတင်းအချို့ထွက်ခဲ့ပါသေးတယ်။ ယနေ့မှာတော့ DC ရဲ့ The Sucide Squad နဲ့ Peace maker ကိုရိုက်ကူးခဲ့တဲ့ Jame Gunn ကို DC ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မှာဖြစ်ပြီး Shazam နှစ်ကားကို ​ဖန်တီးခဲ့တဲ့ Peter Safran နဲ့ ပူးတွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Jame Gunn က အနုပညာဖန်တီးမှုပိုင်းကို ဆောင်ရွက်မှာဖြစ်ပြီး Peter Safran ကတော့ စီးပွားရေးပိုင်း ကိုဆောင်ရွက်မှာဖြစ်ပါတယ်။ ယခင်က DC မှာ စီးပွားရေးပိုင်းကိုပဲ ဦးတည်ဆောင်ရွက်ခဲ့တာကြောင့် Director တွေ Actor တွေနဲ့ ပြသာနာ ခဏခဏတက်ခဲ့ရပေမယ့် အခုမှာတော့ စီးပွားရေးရော အနုပညာရောဘက်မျှသွားပြီလို့ပြောလို့ရပါတယ်။ Jame Gunn အနေနဲ့ Marvel မှာ Gotg ​vol3 ပြီးရင် marvel နဲ့ပတ်သက်တာဆက်လက်ဆောင်ရွက်စရာမလိုတော့ပါဘူး။

Jame Gunn က ဥက္ကဋ္ဌ ဖြစ်လာပြီဖြစ်တာကြောင့်ရှေ့လျှောက် DC မှာ Rrated films တွေ ဖော်ဖော်သီသီ မြင်ရဖို့ရှိနေပါပြီ။ ယခင်က DCEU DC Extended Universe လို့ခေါ်ခဲ့ပေမယ့် ယခုအခါမှာတော့ DCU (DC Universe)လို့ပြောင်းလဲခေါ်ဝေါ်တော့မှာဖြစ်ပြီး ယခင်က DC films လို့ခေါ်ဝေါ်ခဲ့ရာကနေလည်း DC studio လို့ပြောင်းလဲခေါ်ဝေါ် စေတော့မှာဖြစ်ပါတယ်။ ဒါဟာ နာမည်လေးပြောင်းရုံပဲလို့ထင်လို့ရပေမယ့် အမှန်တကယ်မှာတော့ Universe တွေအကုန်အတူတူဖြစ်သွားပြီလို့ဆိုလိုလို့ရပါတယ်။

ဟုတ်ပါတယ်။ Animated Universe တွေပါ ပါသွားပါပြီ။ ဒါ့အပြင် လက်ရှိ JL နဲ့ JSA ရှိနေတာက Earth1 ဖြစ်ပြီး Robert ရဲ့ The Batman နဲ့ နောက်လာမယ့် Black Superman တို့ဟာ Earth 2 တည်ရှိသွားတော့မှာဖြစ်ပါတယ်။ သို့ပေမယ့် Jame Gunn တို့အနေနဲ့ The Batman Universe နဲ့ Joker Universe တို့ကိုတော့ ဝင်ရောက်ဦးစီးခြင်းမပြုပဲ သူတို့ရဲ့ director တွေကိုသာပဲ့ကိုင်ခွင့်ပေးဖို့များပါတယ်။ DC အနေနဲ့ Flash movies အပြီးမှာ အကုန်လုံးကိုပြောင်းလဲ ပစ်တော့မှာဖြစ်ဟန်တူပြီး အနာဂတ်မှာ Crossover တွေကိုတွေ့မြင်လာရနိုင်ပါတယ်။ ယခင်ကတည်းက ရိုက်ကူးဖို့အစီအစဥ်ရှိနေခဲ့တဲ့ Infinite Crisis ကိုအကောင်အထည်ဖော်ဖို့ လမ်းစတစ်ခုလို့မှတ်ယူလို့ရပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *