Henry Cavill Life story

Henry Cavill life story
…………..
.
.
.
.
.
.
Henry Cavill ဟာ မိသားစုဝင်
ယောကျ်ားလေးငါးယောက်ရှိတဲ့
မိသားစုကနေမွေးဖွားလာခဲ့သူဖြစ်ပြီး
ဒုတိယအကြီးဆုံးသားကြီးဖြစ်ပါတယ်။
Henry ဟာငယ်စဥ်ကဝတဲ့သူဖြစ်တာကြောင့်
ကျောင်းမှာအနိုင်ကျင့်ခံခဲ့ရပါတယ်။
ကျောင်းမှာအတော်လေးအနိုင်ကျင့်ခံခဲ့ရတာကြောင့် စိတ်ဒဏ်ရာတွေရခဲ့ရသူဖြစ်ပါတယ်။
…..
သူ့ကို Fast cavill ဆိုပြီးခေါ်ဆိုစနောက်ခြင်းလည်းခံခဲ့ရပါတယ်။သူဟာ
ကျောင်းက Rugby မှာပါဝင်ခဲ့ပြီး
ကျောင်းတွင်း သရုပ်ဆောင်ပွဲတွေမှာလည်းပါဝင်ခဲ့သူပါ။သူဟာ ဝိတ်ကျအောင်
လေ့ကျင့်ခန်းတွေလုပ်ခဲ့သော်လည်း
သူ့ကို bully လုပ်တာတွေကတော့ရပ်မသွားခဲ့ပါဘူး။
.
.
.
.
ဒါပေမယ့်သူ့ရဲ့ အရည်အချင်းတွေဟာ
အနိုင့်ကျင့်ခံရရုံနဲ့တော့မပျောက်သွားခဲ့ပါဘူး။
သူဟာသရုပ်ဆောင်တာကိုလေ့ကျင့်ပြီး
professional ဆန်ဆန် အနုပညာလမ်းကြောင်းကိုစတင်လျှောက်လှမ်း
ခဲ့ပါတယ်။ဒါပေမယ့်သူဟာကံကောင်းသူ
တစ်ယောက်တော့မဟုတ်ပါဘူး။
….
သူဟာ Superhero အဖြစ်သရုပ်ဆောင်ခွင့်ကို 2004 ခုနှစ်မှာနှစ်ခါတိတိလွဲခဲ့ရပါတယ်။
rumor တွေအရဆိုရင်သူဟာ
Batman Begin မှာ Batman အဖြစ်ပါဝင်ဖို့
ကြိုးစားခဲ့တယ်လို့သိရပါတယ်။
Jake Gyllenhaal,Cillian Murphy တို့
Christian Bale တို့လည်းအတူတူ ကြိုးစားခဲ့ကြပါတယ်။
ဒါပေမယ့်အားလုံးသိတဲ့အတိုင်းပဲ
Christian Bale ကပဲ Batman Begin မှာစတင်ပြီး Batman ဖြစ်လာခဲ့ပါတယ်။
မကြာမီမှာပဲ Henry ဟာ Superman အဖြစ်
သရုပ်ဆောင်ဖို့ အကြောင်းဖန်လာပြန်ပါပြီ။
သူဟာ Superman Flyby မှာ ပါဝင်ဖို့
အကြောင်းဖန်လာပြန်ကာမှ Director က
ပလစ်သွားလို့ production မှာတင်ရပ်လိုက်ရပါတယ်။
…..
.
.
.
နောက်မှာတော့ Superman Flyby အဖြစ်
Brandon Routh နဲ့ Recast ခဲ့ပါတယ်။
Henry ဟာ လက်မလျှော့ခဲ့ပဲ…
2005 ခုနှစ်မှာ
Casino Royale’s James Bond မှာ
screen test လုပ်ခဲ့ပါတယ်။
သို့ပေမယ့် Director က သူ့ခန္ဓာကိုယ်က
အနည်းငယ် Chubby ဖြစ်နေတာကြောင့်
Henry ကိုလက်မခံခဲ့ပါဘူး။
နောက်ဆုံးမှာတော့ Daniel Craig ကို
ရွေးခြယ်ခဲ့ပါတယ်။
အဲ့အချိန်တုန်းက Cavill ကဘာပြောလဲဆိုရင်တော့..
“သူဟာ ဘယ်လို Diet လုပ်ရမယ်
train ရမယ်ဆိုတာကိုသေချာမသိခဲ့သလို
Director ကသူ့ကိုအခုလိုမှတ်ချက်ပေးတာကိုတကယ်ကျေးဇူးတင်ပါတယ်တဲ့”
အခုလိုမှတ်ချက်ပေးခဲ့တာကြောင့်
အမှန်တရားကိုသိရပြီးသူပြုပြင်ဖို့ကြိုးစားလို့ရတာလို့ဆိုပါတယ်။”
……
Cavill ဟာ Twilight series မှာလည်း
ပါဝင်ဖို့ကြိုးစားခဲ့ပေမယ့် ပိုငယ်တဲ့ Actor လိုချင်တာကြောင့် Robery Pattinson ကပဲ
Series မှာပါဝင်ခွင့်ရခဲ့ပါတယ်။
Robert နဲ့ Henry ဟာအချင်းချင်း
ခင်ကြသလို Harry potter:The Goblet fire audition မှာအတူတကွပါဝင်ခဲ့ပြီး
Cedric Diggory အဖြစ် Robert ကပဲ
အရွေးခြယ်ခံခဲ့ရပြန်ပါတယ်။
သို့ပေမယ့် ကံတရားကတစ်ဖန်
ပြန်ကောင်းလာခဲ့ပြီး 2011 ခုနှစ်မှာ Zack’s Synder Man of steel မှာ Superman ဖြစ်သွားခဲ့ပါတယ်။
ထို့နောက် Batman V Superman ,
Justice league(2017),Zack’s Synder JL တို့မှာ Superman အဖြစ်သရုပ်ဆောင်ခဲ့ပြီး
ပရိတ်သတ်တွေရဲ့ရင်ထဲက Superman ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်လည်း
WB နဲ့ပြသာနာတွေကြောင့် Superman အဖြစ် အချိန်အတန်ကြာပျောက်သွားခဲ့ရပြီး
The Rock ရဲ့ကြိုးစားမှုတွေကြောင့်
Black ADAM မှာ ပြန်လာနိုင်ခဲ့ပါတယ်။
ဒါ့ကြောင်… Superman အဖြစ်သရုပ်ဆောင်ဖို့အတွက် The Witcher series ကနေထွက်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း Jame Gunn လက်ချက်နဲ့
Superman အဖြစ်ကအထုတ်ခံခဲ့ရပြန်ပါတယ်။
သို့ပေမယ့်လက်ရှိမှာ Marvel ဘက်ကနေ
Henry ကိုအသေရရအရှင်ရရလိုချင်နေတာကတော့အမှန်ပါဘဲ။
ဆိုတော့ သင့်ဘဝမှာခဏခဏ အငြင်းခံရရင်
အားမငယ်ပါနဲ့ Henry Cavill ကသင့်ထက်
ပိုအငြင်းခံခဲ့ရတာပါလို့တွေးပြီးဖြေသိမ့်နိုင်ကြပါစေ။
.
.
.
.
.
.
.
#zin
#apexcanal