Flash2 မှာပါဖို့များနေတဲ့ Tom Hanks

2023 မှာ လာမယ့် Flash movies ဟာ အခုအထိ trailer မလာ သတင်းအသစ်မကြားရဘဲ Reshoot အချို့ရိုက်နေပြီး Ezra အမှုအခြေအနေအပေါ်မူတည်ပြီး Recast ဖို့ပါစီစဥ်နေတယ်ဆိုသာမျှသာ သိထားရတယ်ဆိုပေမယ့် Test screening မှာအခြေအနေကောင်းနေတာကြောင့် Sequel အတွက်ပါ ဇာတ်ညွှန်းရေးသားမှုပြီးစီးသွားပြီပဲ ဖြစ်ပါတယ်။
လက်ရှိကြားရတဲ့ rumors တွေအရ Tom hawks ဟာ Flash sequel မှာပါဖို့အတွက် ဆွေးနွေးနေတယ်လို့သိရပြီး Villain role တစ်ခုဖြစ်တဲ့ Reverse flash ခေါ် Zoom ရဲ့ Version တစ်မျိုးအဖြစ်နဲ့ ပါဝင်မယ်လို့သိရပါတယ်။
Flash squel ကိုမဆိုထားဘိ လက်ရှိ 2023 မှာ လာမယ့် Flash movies မှာတောင် အခုထိ ဘယ်သူက villain လဲ ဆိုတာမသိရတဲ့အနေအထားမှာရှိနေပြီး DCEU ရဲ့ Trinity ပြန်ပါမယ်ဆိုတဲ့ သတင်းတွေလောက်သာကြားနေရပါတယ်။
Flash movies ဟာ DCEU timeline ကြီးကို Soft reboot လုပ်မှာဖြစ်ပြီး JL synder cut က Flash ရဲ့ Cannon ဖြစ်ပါတယ်။ လက်ရှိ Shazam တို့ Black Adam တို့အပါအဝင် DCEU ရဲ့ Movies အချို့ဟာလည်း Flash point အပြီးကိုဇာတ်အိမ်တည်ထားပုံပေါ်ပါတယ်။