Daredevil born again မှာပါချင်တယ်ဆိုတဲ့ She-Hulk


Daredevil:born again series ဟာ လက်ရှိမှာရိုက်ကူးရေးစနေပြီဖြစ်ပြီး MCU ရဲ့ Daredevil ဟာဒီလိုမျိုးကွဆိုပြီး ရိုက်ပြနိုင်ဖို့အားလုံးကကြိုးစားနေကြပါတယ်။ တစ်ဖက်မှာတော့ She-hulk သရုပ်ဆောင် Tatiana ကတော့ Born again မှာအရမ်းပါချင်နေတယ်လို့ဆိုပါတယ်။ She-hulk series အရ ကန်းကန်းနဲ့ She-hulk တို့ဟာ Couple တွေဖြစ်နေကြပြီဖြစ်ပြီး Final episode မှာ ကန်းကန်းဟာ She-hulk မိသားစုနဲ့အတူရှိနေရင်း ဇာတ်သိမ်းသွားခဲ့ပါတယ်။

လက်ရှိ MCU မှာ သူတို့ဟာ couple တွေဖြစ်တာကြောင့် Born again မှာလည်း She-hulk ပါမှာလားဆိုပြီး fan အချို့ကခန့်မှန်းနေခဲ့ကြတဲ့အပေါ် Tatiana က သူ့ကိုဆက်တော့မဆက်သွယ်လာကြသေးကြောင်း,သူ့ကို ငါရိုက်ကူးရေးလာရအုန်း မလားလို့ခဏခဏ စာပို့ပေမယ့် သူက ခေါ်ရင်အသိပေးမယ်လို့ပဲ ဖြစ်ကြတယ်လို့ဆိုပါတယ်။

ငါက ရိုက်ကူးရေးကခေါ်ရင် အဆင်သင့်ဖြစ်အောင်လို့ She-hulk ဝတ်စုံဝတ်ပြီးတော့ကို ရိုက်ကွင်းအပြင်ကစောင့်နေတာလို့ ပြောလာတယ်ဗျ။ သူ့အနေနဲ့ Daredevil:Born again မှာ အတော်လေးပါချင်နေပြီး သူ့ကိုမြန်မြန်ခေါ်ရိုက်ပါတော့လိုတောင် ဆုတောင်းမိတယ်လို့သိရပါတယ်။ Daredevil:born again ဟာဆိုရင် Netflix ရဲ့ Daredevil ကို soft reboot သဘောမျိုးနဲ့ ကြည့်ရှုကြရမှာလဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *