Black ADAM နဲ့ပတ်သက်တဲ့ ………….Theory……………..

Black ADAM နဲ့ပတ်သက်တဲ့
………….Theory……………..
.
.
.
Black Adam Live action ဆိုတာ
DC fan တွေစောင့်မျှော်နေတဲ့
Anti hero တစ်ယောက်ပါ။
The Rock လို့သိကြရတဲ့
Dewayne Johnson ကိုယ်တိုင်သရုပ်ဆောင်မှာဖြစ်တာကြောင့်မို့
အားလုံးကပိုပြီးမျှော်မှန်းနေကြတာဖြစ်ပါတယ်။
.
.
ADAM ဆိုတာဟာ Kahndaq ဒေသက
ကျွန်လေးတစ်ယောက်ပါ
ကံကြမ္မာအလှည့်အပြောင်းတွေနဲ့
သူ့ရဲ့ရက်စက်တဲ့ဆုံးဖြတ်ချက်ကြောင့်
Seven Deadly Sin ကိုအနိုင်ယူခဲ့ကာ
Wizard Shazam ကြီးကို
Rock Of Eternity ထဲမှာပဲ ချုပ်ထားနိုင်ဖို့ကူညီပေးခဲ့ပါတယ်။
အာဏာရှင်မှန်သမျှကိုလည်းချေမှုန်းခဲ့ပြီး
Kahndaq ဒေသကိုလွတ်မြောက်စေခဲ့သူပါ။
.
.
ဒါပေမယ့် Black Adam ဟာ
တဖြည်းဖြည်း ရက်စက်လာပြီး
The Council of Eternity
ကိုလည်း ချေမှုန်းခဲ့ပြီး စွမ်းအားတွေကိုစုပ်ယူခဲ့ပါတယ်။
Wizard Shazam တစ်ယောက်သာ အသက်ရှင်ခဲ့ပြီး
Black Adam ကိုအနိုင်ယူနိုင်ခဲ့ကာ နယ်နှင်ဒဏ်ပေးခဲ့တယ်ဗျ။
ဒီအဖြစ်အပျက်တွေဖြစ်ပြီး
နှစ်5000 ကြာတဲ့အခါမှာတော့
စစ်သားတစ်စုဟာ
Black Adam ရဲ့ Tomb ကို ဖွင့်ပေးသလိုဖြစ်ပြီး ADAM တစ်ယောက်လွတ်မြောက်လာပါတော့တယ်။
Set တွေအရ Present time ဟာ
Justice society of America ရဲ့ခေတ်လို့ပြောရင်မမှားပါဘူး။
JSA ဟာ Earth2 မှာရှိသင့်တာဆိုပေမယ့်
DCEU ထဲထည့်သွားမယ်လို့မြင်ပါတယ်။
Black Adam ရယ် Superman ရယ် Shazam battle ကိုသေချာပေါက်မြင်ရမယ်လို့
The Rock က ပြောခဲ့တာလည်းပါတာပေါ့။
.
.
ဇာတ်လမ်းအရ ADAM ပြန်လာတာနဲ့အမျှ
အစိုးရနဲ့စစ်တပ်ကိုအရင်ရင်ဆိုင်ရပြီး
တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
.
.
ဒီသတင်းဟာ JSA ဆီရောက်ရှိသွားပါတယ်။
JSA ဟာ Adam ကိုဖမ်းစီးဖို့ ကြိုးစားမှာကိုမြင်ရမယ်ဗျ။
Black adam vs JSA battle ကတော့ဘယ်လိုလာမလဲဆိုတာစိတ်ဝင်စားစရာပါဘဲ။
.
.
အဲ့ဒီအချိန်မှာပဲ
တကယ့် Villain တစ်ယောက်ပေါ်ပေါက်လာပါမယ်။
Sabbac ပါ။
Sabbac ဟာ Shazam family ရဲ့ villain တစ်ယောက်ဖြစ်ပြီး Hell ကနေရောက်ရှိလာတဲ့ being တစ်ယောက်ဆိုမမှားပါဘူး။
Black ADAM တစ်ယောက် နောက်ဆုံးမှာ
JSA နဲ့ပူးပေါင်းပြီး Sabbac ကိုတိုက်ခိုက်ကြမယ်လို့ထင်ပါတယ်။
.
.
အဲ့ဒီ့နောက်မှာတော့ Lex ရဲ့
Legion of Doom ထဲဝင်သွားမယ်လို့ထင်တယ်ဗျ။
ဒါမှမဟုတ် Shazam family နဲ့တွေ့မယ်လို့ထင်ပါတယ်။
ဒါက ကျွန်တော့်ရဲ့ Theory သက်သက်ပါဘဲ။ သေချာပေါက်ဖြစ်လာမယ်လို့မဆိုလိုပါဘူး။
ဂေါင်းကြီးတို့ရော
ဘယ်လိုဖြစ်လာမယ်ထင်လဲ?
.
.
.
.
.
#zin
#apexcanal