Black ADAM ကြီး fail ပြီလား?


Black ADAM ဆိုတာဟာ DC fan တွေအတွက်ရော The Rock အတွက်ပါ နှစ်ရှည်လများစောင့်ဆိုင်းခဲ့ရတဲ့ Project တစ်ခူဖြစ်ပါတယ်။ လက်ရှိ test screening တွေ World premiere တွေမှာ ရလဒ်ကောင်းသလိုလို ရှိနေပေမယ့် rating ပိုင်းမှာတော့ ပြသာနာ ရှိလာပြန်ပါတယ်။

 

Rotten tomatoes နဲ့ IGN တို့ရဲ့ rating တွေအရ အရမ်းကြီးတော့အခြေအနေမကောင်းနေခဲ့ပါဘူး။ Black ADAM ဇာတ်ကားပုံစံဟာ Non stop action တွေနဲ့ DC ရဲ့ Animated movies တွေလို style မျိုးတွေ့ရဖို့များပါတယ်။

 

ဇာတ်လမ်းစလယ်ဆုံး အလန်စား Fight scenes တွေ Camera action တွေနဲ့ဆွဲခေါ်သွားဖို့များပြီး Plot ကတော့ အတော်လေးရိုးရှင်းပုံပေါ်ပါတယ်။ ဒါ့အပြင် JSA ပါဝင်တာကြောင့် Runtime အရှည်ကိုမျှော်လင့်ထားသူတွေအတွက် လက်ရှိ runtime ဟာ နည်းသလိုရှိတာကြောင့် မကြိုက်သူတွေလည်းများနေပါတယ်။

 

Rotten tomatoes ရဲ့ rating တွေဟာ အမြဲလိုလို ပရမ်းပတာ ဖြစ်နေတာကြောင့် သိပ်ယုံလို့တော့မရပါဘူး။ ကျွန်တော့်အနေနဲ့တော့ IMDB rating ကိုသာ ပိုယုံပါတယ်။ ဘာပဲ ဖြစ်ဖြစ် Rating တွေကြည့်ပြီးဇာတ်ကားကို fail ပြီလို့ပြောလို့ရပြီလားဆိုရင်တော့မရပါဘူး။

 

Fail တယ်ဆိုတာဟာ Box office နဲ့လဲမဆိုင်သလို Rating နဲ့လဲမဆိုင်ပါဘူး။ ကြည့်ရှုသူတွေကိုယ်တိုင်က မကောင်းဘူး Fail တယ်ယူဆမှသာ အမှန်တကယ် fail တယ်လို့ပြောလို့ရပါတယ်။ လက်ရှိ မှာ official တောင် မထွက်သေးတာကြောင့် fail တယ်ပြောဖို့တော့လိုပါသေးတယ်။

 

Black ADAM ဇာတ်ကားဟာ အရင်လို plot အကြီးကြီးတွေနဲ့လာမှာမဟုတ်ပါဘူး။ နောက် အနာဂတ် projects တွေအတွက် Box office ရှာတဲ့ Movies တစ်ခုဖြစ်တာကြောင့် အများကြီးမျှော်လင့်မထားပါနဲ့လို့တော့ပြောချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *