ATTACK ON TITAN EPISODE 2 BREAKDOWN Part 2


 

ဒီအခန်းလေးမှာ Yeagerist တွေဖမ်းထားလို့ ထောင်ထဲထည့်ထားတဲ့ Falco ကို စကားလာပြောတဲ့ Eldian သားတစ်ယောက်က

ကျနော်တို့ချစ်လှစွာသော Commander ကြီး Erwin ရဲ့ငယ်သူငယ်ချင်း Nile မှန်းသတိမထားမိကြဘူးမလား မလိမ်နဲ့နော် :3

သူပြောပုံလေးက တကယ်လေးစားစရာကောင်းတယ် သူဒါတွေမသိခဲ့ဘဲ Zeke တို့ ဝိုင်တွေသောက်မိလို့ သေလူနဲ့မခြားတော့တဲ့အချိန်မှာ

” အချိန်လေးရသလောက်ဘဲဖြစ်ဖြစ် မိသားစုနဲ့ ချစ်ရတဲ့သမီးကလေး သုံးယောက်ကို အမှာစကားတစ်ခွန်းဖြစ်ဖြစ် ပြောခဲ့ချင်လိုက်တာကွာ ” တဲ့ ဒါပေမဲ့ဘယ်တတ်နိုင်မလဲလေ သူ့ခမျာ Zeke လုပ်သမျှခံရမှာကိုး

အဖေတွေဆိုတာ နောက်ဆုံးထွက်သက်အထိတောင် ကိုယ့်ကလေးရဲ့အနာဂတ်တွေ ရှေ့ရေးတွေအတွက် တာဝန်မကျေခဲ့မှာကို စိတ်ပူနေတာဗျ

ဒါတောင်မှ သူတို့ကိုတစ်ယောက်မချန်အကုန်ရှင်းချင်တဲ့ Marley ကအသုံးချမဲ့ Falco ကိုကလေးတစ်ယောက်ရဲ့ လုံခြုံရေးအတွက်ပါကူညီပေးလိုက်သေးတယ်

ဒီနေရာမှာ aot ရဲ့ message စတာဘဲ တောတောင်ရေမြေခြားလို့ တံတိုင်းကြီးကာနေပါစေ ကျနော်တို့ဟာ သာတူညီမျှအတူတူချင်းပါဘဲ ဘယ်အရာကိုမှမစွန့်လွှတ်နိုင်သူက ဘာကိုမှပြောင်းလဲနိုင်မှာမဟုတ်ဘူး ကိုယ်ယုံကြည်ရာသာအမှန်တရားလို့ ခေါင်းစဥ်ပေးလိုက်ဖို့ရှိတယ်

လူတစ်ဦးက တစ်ချိန်ထဲမှာ နတ်ဆိုးအယုတ်တမာလို့ သတ်မှတ်ခံရနိုင်သလို နတ်ဘုရားသဖွယ်ကိုး ကွယ်ခံရနိုင်တယ်

ဒါတွေဘဲဗျ AOT မှာလူကောင်းတွေ လူဆိူးတွေမရှိဘူး အားလုံးက သူ့ခံယူချက်နဲ့သူမှန်နေတာ Marley ဖက်ကြည့်ရင်လဲမမှားဘူး Eldian တွေတွေလဲမမှားဘူး သူ့ရှုထောင့်တွေကကြည့်ရင် ဟုတ်နေတာ

ဘိုးဘေးတွေဆီက အမုန်းတရားတွေ မှိုင်းတိုက်ခံရတာတွေ သွေးချောင်းစစ်ပွဲဆိုတာတွေမရှိခဲ့ရင် လူတိုင်းမှာကျောသား ရင်သားခွဲခြားတယ်မျိုးကို ရှိမှာမဟုတ်ဘူးဗျိူ့

 

 

ကြည့်သာကြည့်နေတာ ဒါလဲမသိဘူးမလား :3 မသိရင်ခုသိရတော့မယ်လို့မှတ်ထားလိုက်ဗျာ

ဘေးကကလေးမလေးနာမည်က louise တဲ့ဗျ မှတ်မိသေးလား season 1 မှာတစ်ဟုန်ထိုးပြေးလာတဲ့ Titan ကြီး​ ဓားတစ်ချက်ထဲနဲ့ ဇီဝိန်ခြွေပြီး သားမိနှစ်ယောက်ကို mikasa ကယ်တုံးကလေ

အဲ့ဒီကလေးမလေးက Mikasa ကိုအားကြီး အားကျတာခုဆို Floch တို့ Yeagerist ထဲပါဝင်ပြီး Mikasa နဲ့အတူတိုက်ပွဲဝင်ရမှာတောင် ပျော်နေသေးရဲ့

Eren ကိုလဲအရမ်းလေးစားတဲ့အပြင် သူ့ plan အတိုင်းလိုက်လုပ်ပေးမဲ့သူဆိုရင်တောင်မမှားဘူး အသက်ကလေးမှ 15 သာသာလေးနဲ့ တော်လှန်စိတ်ပြင်းပြတဲ့ လူငယ်လေးပေါ့ဗျာ

ဒီကောင်မလေးရဲ့ screen time များများပါဝင်ပါစေလို့ မျှော်လင့်မိပါသေးတယ်

 

 

အခုက Yelena မဟုတ်ဘူး Madlena ဖြစ်သွားပြီ အေးမင်းကိုအစိမ်းလိုက်ဝါးမတတ်စိုက်ကြည့်ပြီး ခဏအကြာမှပြန်ပြုံးကြသတဲ့

အေးမင်းကပြောပါတယ် မလုပ်ချင်လဲလုပ်ရမှာဘဲ တတ်မှမတတ်နိုင်တာလေကွာတဲ့ ဒီကောင်က yelena တို့ plan အတိုင်း 100 % follow လုပ်မှာမှမဟုတ်တာ

ခုချိန်က floch တို့ yelena တို့သြဇာ​ညောင်းနေချိန်လေဗျာ ဒီတော့သူတို့ယုံအောင်လေချိုသွေးထားရတာပေါ့ အေးမင်းမှာ ဒါတွေနဲ့ပက်သက်ပြီးသေချာစဥ်းစားထားတဲ့ Plan တစ်ခုခုရှိပါလိမ့်မယ်

Eren ရဲ့ Rumbling ကိုအားပေးရာမရောက် Yelena တို့ Plan ကိုဆန့်ကျင်ဖက်ဖြစ်မဲ့ plan မျိုးပေါ့

Yelena ကလဲခပ်တုံးတုံးမိန်းမမှမဟုတ်တာဘဲ အေးမင်းစကားထဲ လျှိုထားတာတစ်ခုခုသတိထားမိမှာလေ ဒါပေမဲ့ Zeke တို့က်ုကူညီနိုင်တာ

သူတို့ဘဲရှိတာမလို့ ” ခေါင်းအစခြေအဆုံးနင့်အကြောင်း ကောင်းကောင်းသိတယ် ” အထာမျိုးနဲ့ မျက်နှာဘေးပေးတာနေမှာရယ်

ပြောမှမရတာ သူ့ယုံမဲ့ရုပ်ကြီးကလဲ သွေးပျက်စရာကြီး jean တို့ပါထလန့်တဲ့အထိဘဲ 😆 အေးမင်းဆိုကြက်ပါသေတယ်

 

 

ကံဆိုးသူကိုမောင်ရှင်ကတော့ ကွန်ဖီးဒန့်လယ်ဗယ်တွေတအားမြင့်ပြီး ကမ်းမမြင် လမ်းမမြင်ဘေးက Pieck

တို့ချောင်းရိုက်ရိုက်တာ ပါခံလိုက်ရသတဲ့ဗျာ မေဘေးက မရှောင်ဘဲ ကြောင်ပါကြည့်နေလိုက်သေးတယ် Lmao

ပါလာတာမှ screentime 6 min စာတောင်မပြည့်သေးဘူး မအေဘေးကမှောက်နေပြီ ဟိုမှာညီဖြစ်သူ မျက်နှာဇီးရွက်လောက်ရှိတော့တယ် Liberio မှာလဲအဲ့တိုင်းဘဲ Pff

Royal ဆိုတိုင်းဆင်ခြင်လုပ်ပါဟ မျောက်မသားရဲ့ Idea ကျကောင်းပါတယ် တစ်နေရာရောက်တိုင်း ခွေးဝက်ကျသလိုသေနေတာကြီးကမဟုတ်သေးပါဘူး

Plan မာစတာ ဆျာမျောက် နောက်ဆုံး plan ကြီးကိုဘယ်လိုထသုံးမယ်ဆိုတာကိုနောက် အပိုင်းမှာကြည့်ရမှာဖြစ်ပါတယ်ဗျာ

အေးလွင်သနားရမဲ့အစား သူ့ကြည့်သနားနေရတယ် တကယ်လေတာဘဲ 🥴

 

 

နောက်ဆုံး ဘောနပ်စ် ဖက်စ်လေးပါနော် အများစုက ဒါနဲ့ပက်သက်ပြီးသေချာမရှင်းထားတာတွေ့လို့ ကျနော်တင်ထားတာပါ

Titan Shifter တွေရဲ့ Mark အချို့ပြောင်းတာက ကိုယ့် Titan ကိုယ်ထိန်းနိုင်တဲ့ Experience အပေါ်မှာပါမူတည်တယ်လေဗျာ

Eren ပထမစစသုံးချင်းကဆို ဘာလေ့ကျင့်တာမှမလုပ်ရသေးလို့ မျက်လုံး ပါးစပ် လည်ဂုတ်နဲ့ လက်မှာ Titan အသားတွေကပ်တယ်

ဟော s3 မှာ အတော်လေးတိုက်ရည်ခိုက်ရည်ရှိနေပြီမလို့ မျက်လုံးနားလေးဘဲ အသားရှိတယ်

S4 ရောက်တဲ့အခါ နားနောက်ဖက်ပြောင်းသွားရော အမှန်က War Hammer ကြောင့်မဟုတ်ဘူး Titan အပေါ်သုံးတဲ့အတွေ့အကြုံတွေ စိတ်အခြေနေတွေကြောင့် ထိန်းရချုပ်လွယ်လာတာ

Reiner , Garlliard , ဘတုတ်တို့လဲ ဆင့်ကဲပြောင်းလဲလာတာဗျ

ဒီလောက်ဆိုအတော်ရှင်းသွားမယ်ထင်တယ်ဗျို့ နောက်အပတ်ဘယ်လို hype စရာတွေမြင်ရအုံးမလဲဆက်လက်စောင့်ကြည့်ကြတာပေါ့ဗျာ

ဒီ Breakdown မှာအတော်လေးလေရှည်မိသွားတယ် 😂

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *