ATTACK ON TITAN EPISODE 2 BREAKDOWN Part 1


ဒီပထမဆုံး အခန်းမှာ mikasa ရဲ့စိတ်အခြေအနေနဲ့စတယ်ပေါ့ သူတစ်သက်လုံး ရင်ဘက်ကြီးနဲ့ချစ်လာတဲ့ သူက အမုန်းစကားစဆိုတာလေ

သာမန်မိန်းကလေးဆို အဲ့ဒီနေရာမှာတင် သေခန်းပြတ်မှာ ဒါပေမဲ့သူ မတင်မကျဖြစ်နေတယ် တစ်ဖက်မှာ Marley စစ်သား အယောက် 500 နဲ့ Titan 3 ကောင်ကိုခံချနေတဲ့

Eren ကိုကယ်ချင်တယ် ဒါပေမဲ့ ကိုယ်ပိုင်ဆန္ဒလား Akerman ဗီဇကြောင့်လား မခွဲခြားနိုင်ဘူး Eren ဆိုတာကလဲ ကလေးဘဝကတည်းက

လူသတ်သမားတွေရန်ကြောင့် အသက်အန္တရယ်ရှိတဲ့အချိန်မှာကို အရဲစွန့်ပြီးကယ် သူစိမ်းသာသာဒီကောင်မလေးဖို့ သူဝတ်နေကျ မာဖလာလေးပတ်ပေးပြီး မိသားစုအရင်းနဲ့မခြား ဆက်ဆံပေးခဲ့တာ

ဒီလို အချိန်အကြာကြီး အတူရှိနေခဲ့တဲ့ ချစ်ရဆုံးတစ်ယောက်သောသူက အခုလိုကြီးဒဲ့တိုးပြောလိုက်လို့

mikasa ခမျာ မျက်ရည်တောင်မဆည်နိုင်ဖြစ်သွားတာ ခင်ဗျားတို့လဲသိတာဘဲလေဗျာ

Mikasa ဘာကြောင့်မစွန့်လွှတ်နိုင်ရတဲ့ အကြောင်းရင်းကို သူဘယ်လိုအချစ်မျိုးနဲ့ ချစ်ခဲ့တယ်ဆိုတာက ဆုံးဖြတ်ပါလိမ့်မယ်

ဘယ်လောက်ဘဲခံစားချက်ကင်းမဲ့နေ လိမ်ညာချင်ယောင်ဆောင်နေပါစေ ကိုယ်ကျိုးထက် အများကျိုးဖက်ရှေ့တန်းတင်တဲ့

Eren တစ်ယောက် mikasa နဲ့သူ့သူငယ်ချင်းတွေအပေါ် ဘယ်လိုဆက်ဆံလဲ ဆိုတာကို armin တစ်ယောက်သာ အကောင်းဆုံးသိမှာပါ။

တကယ်တော့ ကိုယ်ဘယ်လောက်ချစ်တယ်ထက် ကိုယ့်ကိုချစ်တဲ့သူကို ဘယ်ချိန်အထိတန်ဖိုး ဆက်ထားမှာဘဲဆိုတာကသာလျှင် အဓိကကျတယ်

မာဖလာလေးဆက်မဝတ်တော့တာနဲ့ Mikasa မုန်းသွားပြီလို့ ပြောလို့မှမရတာလေဗျာ

အနည်းဆုံး ကိုယ့်ချစ်ရသူဆီက ဘာကြောင့်လုပ်ရတယ်ဆိုတဲ့ အဖြေလေးကို မျှော်လင့်တတ်ကြတာဘဲမလား

ဒီတော့ mikasa လေးလဲစိတ်ကောက်ချင် ကောက်နေမှာလေ ပြောမရဘူး :3 ( ကျနော့်ဆော်ဘဲဟာကို )

 

 

အပေါ်မှာက ကလားသိုက်ကျားနင်းနေပြီ ဒီအောက်မှာ ငလွင်နဲ့ပတ်သက်ပြီး နှစ်ခြမ်းကွဲနေတုံး ကယ်ရမလား ဒီအတိုင်းအသေခံ ခိုင်းလိုက်ရမလား

Scout တွေကလဲ ကျလိုက်တာမှအတုံးအရှုံး ရန်သူမှာ လက်နက်အင်အား အပြည့်အစုံ Titan တွေကတစ်ဖက်နဲ့ ခံတိုက်နေရတဲ့ Eren မှာ

အချိန်ပြည့်ကာပေးဖို့ကမလွယ် Founding ကလဲ ပါသွားလို့မဖြစ် Eren ဘာကြောင့် zeke တို့နဲ့ပူးပေါင်းတယ်ဆိုတာကပါ

စဥ်းစားမရ ဒီလိုခေါင်းရှုပ်စရာကိစ္စတွေအပြင်ကိုမှ Eren mikasa ကို ပိုးစိုးပက်စက်ပြောသွားတာက ပါသေး

အဲ့ခါကျ ထောင်ထဲရောက်နေတဲ့ jean တို့ပါဖင်တွန့်ရပြီ Eren ကိုကူညီရင်လဲ zeke လုပ်မဲ့ မျိုးသုဥ်းရေးစီမံကိန်းကြီးကို

အားပေးရာကျမယ် မကူညီရင်လဲ ဟိုပထွေး marley ကဖင်ဝိုင်းချတာခံရအုံးမယ်

အဲ့အချိန် Armin မှာနှစ်ဖက်စလုံးအဆင်ချောဖို့အတွက် လေချိုသွေးရပြန်ရော

” ဟာမင်းတို့ကောင်တွေ ဒီလို eren ကိုမှယုံနေကြတာလား သူသာမှန်ရင် ဒီလိုလုပ်ပါ့မလား ဖြစ်မှမဖြစ်နိုင်တာလေကွာ ” ဘာညာကွိက

zeke တို့နဲ့မပူးပေါင်းရင် မကူညီနိုင်ဘူးဆိုတဲ့ Yelena တို့ကို အယုံသွင်းလိုက်ရတယ် မကူလို့ကမဖြစ်နိုင်တာကြီး မချစ်သော်လည်းအောင့်ကာနမ်းရသလို စီစဥ်ပေးရတာပေါ့

ဒီနေရာမှာ Eren ဘာကြောင့် Yelena တို့ plan အတိုင်း follow လိုက်လုပ်လဲဆိုတာ စဥ်းစားကြည့်လို့တောင်ရတယ်

Zeke ရဲ့ plan က Historia ကိုကလေးတွေ ရသလောက် မွေးခိုင်းထားမယ် သူနဲ့ Eren က Rumbling အသေးစားလုပ်ပြီး ကမ္ဘာကိုအင်အားပြမယ်

Titan ရာဂဏန်းလောက်နဲ့ အကောင်းဆုံးဆိုတဲ့ Marley တပ်မတော်ကြီးကိုဖျက်ဆီးပစ်မယ်

Subject of ymir တွေကို ကလေးမမွေးနိုင် အောင်လုပ်မယ် Paradise ဖို့လက်နက်တွေ စီးပွားရေးကအစ

လိုလေသေးမရှိအောင် ထောက်ပံ့ပေးတဲ့ Hiszuru က နှစ် 50 အတွင်း တိုးတက်အောင်လုပ်ပေးမယ်

Zeke နဲ့ Eren သက်တမ်းကုန်သွားတဲ့အခါ
နောက်အနှစ် 50 လုံး Historia တို့မွေးတဲ့ကလေးမျိုးဆက်တွေက Titan power တွေကို ဆက်ခံသွားမယ်

ဒါတွေသိလို့ Eren အစက Zeke plan ကိုငြင်းလိုက်ပြီး သူ့သူငယ်ချင်းတွေအကူအညီနဲ့ ကိုယ်တိုင်ရထားလမ်းတွေဖောက် အမြန်တိုးတက်အောင် ကြိုးစားလိုက်သေးတယ်

ဒါပေမဲ့ Yelena နဲ့ Hiszuru တွေက Zeke plan ကိုလက်မခံရင် မကူညီနိုင်တော့ဘူးပြောလို့

Zeke တို့စီစဥ်ထားကို မလုပ်ချင်ရင် Marley တွေနဲ့ သွားဆွေးနွေးပြောကြည့်တာ ကောင်းမယ်ဆိုပြီး
Marley ကိုသွားကြတယ်

Eren က အဲ့ဒီမှာ 2 နှစ်လောက် ဒဏ်ရာရစစ်သားတစ်ယောက်အနေနဲ့ ဟန်ဆောင်နေလိုက်တယ် အမှန်က marley တွေအကြောင်းကောင်းကောင်းသိချင်လို့ စုံစမ်းရင်းလာတာ

Marley ကိုမသွားခင်မှာ Eren က သူ့ plan ကို ကြိုဆွဲထားပြီးသား Marley တွေနဲ့ စကားပြောညှိနှိုင်လို့ မရနိုင်ဘူးဆိုတာ ကြိုသိပြီလေ

မဟုတ်လဲ ဟိုကောင်တွေက eldian ဆိုပထွေးမုန်းမုန်းကြတာ ခင်ဗျားတို့လဲအသိဘဲ ဒါကြောင့် Yelena ကိုခေါ်တွေ့တယ် သူ Zeke ရဲ့ plan ကို follow လုပ်မဲ့အကြောင်း လှည့်စားလိုက်တယ်

ဒီလိုနဲ့ သူ့ plan ကို ဘယ်သူမှမသိအောင် တိုးတိုးတိတ်လုပ်စီစဥ်ရင်း နောက်ဆုံးသူ့သူငယ်ချင်းတွေကပါသိလို့ တားခဲ့ကြရင်ဆိုပြီး mikasa ကိုတောင် လိမ်ဆင်ဆင် အမုန်းစကားနဲ့ လမ်းကြောင်းလွှဲခဲ့တာအသိဘဲ

Eren ဘာကြောင့်လိမ်တယ်ဆိုတာကို အပေါ်ကအကြောင်းတွေနဲ့သာတွေးကြည့်ရင် ဒီလောက်နဲ့ရှင်းသွားကြမယ်ထင်တယ်ဗျာ

 

 

ဟိုကောင်သုံးကောင် ဆွမ်းကြီးဝိုင်လောင်းသလောက် Eren ကလဲမခေဘူး ကြိတ်တွယ်တာ

Liberio မှာအပြတ်အသတ်အနိုင်ရပြီး စားလိုက်ရတဲ့ War Hammer တို့ ability ဆိုလေ့ကျင့်ရဖို့မပြောနဲ့

Liberio ကအပြန် Paradise ရောက်ရောက်ချင်း Marley တွေဗြုန်းစားကြီးစစ်ဝင်တိုက်လို့ Eren ချက်ချင်း Titan ပြောင်းရင်း ချက်ချင်းတိုက်ပွဲနွှဲရပြီ

Reiner တို့လို အကောင်ကြီးကြီး Titan မျိုးက လက်သီးတစ်လုံးပစ်ကျွေးလိုက်ရုံနဲ့ လုံလောက်ပေမဲ့ jaw နဲ့ cart ကျမလွယ်ပြန်ဘူး

ဒီကောင်တွေက ညှက်စိသာသာနဲ့လျင်တာကိုး အထူးသဖြင့် Jaw ဆိုဖြတ်ခနဲ ဖြတ်ခနဲ အလစ်မှာဝင်တိုက်တတ်လို့ Harden နဲ့ထိုးဖို့နေနေသာသာ

သူဘယ်အချိန်လာတိုက်မလဲဆိုတာကိုဘဲ သတိထားရတယ် ဒီတော့ Harden ပြီးထားတဲ့ကောင်ကို Harden နဲ့ထိုးဖို့ကျမလွယ်ပြန်ဘူး ဒီလိုအခြေအနေမှာ Eren သုံးဖို့ကြုံလာတာက War Hammer

ကြမ်းပေမဲ့တစ်ခါနှစ်ခါလေးသုံးလိုက်ရုံနဲ့ ဖင်ပြောင်ပါ လူမမာဘဝရောက်သွားနိုင်တယ် လက်နက်တွေ ဖန်တီးသုံးဖို့က ဟိုငနဲဘယ်ချိန်လာတွယ်မလဲစောင့်နေရတာနဲ့ အချိန်ကုန်မှာစိုးလို့ မသုံးလိုက်ရဘူး

ဒီချိန်မှာ Jaw ကို damage ပြင်းပြင်းနဲ့လုံးဝအထိနာစေမဲ့ဟာက ဆူးချွန်အကြီးစားတွေ မြေအောက်ကတန်းထုတ်ပစ်ဖို့သုံးတဲ့အချိန်ကျ တော်တော်လေး အလုပ်ဖြစ်သွားတယ် ဒါပေမဲ့ တံတိုင်းအထက်ကနေလှမ်းတွယ်ထဲ့တဲ့

အမြောက်ဆန်ကြောင့် Eren ခမျာ ခေါင်းပေါက်ပြီး အပေါ်ပိုင်းသေသလိုဖြစ်ရော

Reiner ဆိုတဲ့ကောင်ကဒီအချိန်မျိုးကိုစောင့်နေတာ ခြေကုန်လက်ပန်းကျ ခေါင်းပွင့်ထားတဲ့ဒဏ်ကြောင့် လှုပ်မရတဲ့ Eren ကို ချုပ်ပြီး လည်မျိုကိုခဲဖို့လုပ်တယ်

” အရှုံးပေးလိုက်ပါကွာ မင်းဒီလောက်နဲ့ ခံစားမနေနဲ့တော့ အိပ်စက်လိုက် ” တဲ့ပုံမှန်သူသေကိုယ်သေ ချရမဲ့လူက ” သေစမ်း ” လို့ပြောရမဲ့အစား သူငယ်ချင်းတစ်ယောက်ကိုနားချတဲ့ပုံစံမျိုးဖြစ်နေတယ် ဘာကြောင့်လဲ ?

Reiner သိတယ်လေ သူ့ဘဝတစ်လျှောက်လုံး ကြောင်သူတော်ကြီးလို ဟန်ဆောင်နေလာရ သူငယ်ချင်းလား မိသားစုလား Paradise ကသူငယ်ချင်းတွေကိုရွေးရင် သစ္စာဖောက်မှူနဲ့

Marley က သူ့မိသားစုတွေသေဒဏ်ပေးခံရမယ် မိသားစုကိုရွေးရင် Paradise ကသူငယ်ချင်းတွေသေရမယ် သူ့မှာရွေးချယ်စရာ ဆုံးဖြတ်ရမှာတွေက ဝန်ထုတ်ကြီးတမျှ

ဒီလိုအခြေအနေတွေကို အဆိုးဆုံးထိရင်ဆိုင်လာခဲ့သူကြီးက Eren ရဲ့နာကျည်းမှုတွေ ကာကွယ်လိုစိတ်ပြင်းပြတာတွေကို သိတာပေါ့

ဒါပေမဲ့မတားလို့ကလဲဘယ်ဖြစ်မလဲ ကိုယ့်မျိူးနွယ်ချင်း ပြန်သတ်ဖြတ်ရမဲ့အနေအထားမှာ ကယ်လိုက်ဖို့ကမဖြစ်နိုင်

liberio ကမိသားစုမျက်နှာလဲကြည့်ရ စစ်အာဏာကြောင့် မလွှဲသာလို့အတင်းလုပ်နေရတဲ့ Renier သူ့သူငယ်ချင်း Eren ကိုဆက်တားနိုင်ပါ့မလားဆိုတာကတော့ …….

 

 

ကြိုက်လွန်းလို့ 3 , 4 ခါပြန်ကြည့်ရတံ့အခန်း ယောင်္ကျားတစ်ယောက်ရဲ့မာန်ဘယ်လောက် အရှိန်အဝါကြီးတယ်ဆိုတာ သိလိုက်ရတဲ့ အခန်း ယောင်္ကျားတို့ဇွဲသေခါမှာလျှော့မယ်ဆိုတဲ့အတိုင်း

မျက်လုံးတစ်ဖက်ကပေါက် ခေါင်းကပွင့်ရာတခြား တခြားတစ်ဖက်မှာ ဆူးစိုက်ထားတဲ့ဒဏ်နဲ့ Titan တစ်ကောင်အတွက်ဘယ်လိုမှရုန်းမရတဲ့

အနေအထားမှာ Reiner အတင်းချုပ်ယူထားရာကနေ ဆက်ခနဲ လက်တစ်ဖက်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးအားသုံးရင်း Reiner ပါးစပ်ကိုဆွဲဖြဲပစ်တာ အတော်အတော့်ကိုအားရဖို့ကောင်းလိုက်တာဗျာ

ဘယ်ခေတ် ဘယ်ချိန်မှာပင်ဖြစ်စေ ဘယ်ကောင်လာပေးတဲ့အမိန့်မှန်သမျှ မနာခံဘဲ သူ့လွတ်လပ်မှုကိုလာပိတ်ပင်တဲ့သူမှန်သမျှကို ခွန်အားချင်း ၊ အရွယ်စားချင်းကွာဟာနေရင်တောင် Attack Titan ကြီးရဲ့

ဂုဏ်ပုဒ်ဖြစ်တဲ့ တိုက်ခိုက်ခြင်းနဲ့အညီ ရှူံးမဲ့အနေအထားမှာ ချက်ခြင်းပြန်ထပြီး အနိုင်အရှုံးပြောင်းပြန်လှန်ပစ်တာက Marley တွေရော Reiner တို့အဖို့ ငါဘာ​ကောင်လဲပြလိုက်တဲ့အတိုင်းဘဲ

နားကွဲမတက် ထအော်ပစ်လိုက်တာ Marley ကောင်ရော Reiner ပါမျက်နှာတွေပျက်ပြီး တုန်လှုပ်သွားတာ ခင်ဗျားတို့သိတဲ့အတိုင်းလေဗျာ

ဒီလောက်ဆို Attacker ကြီးဖို့ဘယ်ကောင်မှလာတားလို့မရတာ ဟိုငနဲ marley သားတွေသဘောပေါက်သွားလောက်ပြီ Reiner လိုကောင်တောင်

တစ်စစီဖြစ်အောင် လုပ်ရုံတင်မက အမာဆုံးမျက်နှာပြင်ကြီးရှိတဲ့ Jaw တို့ဦးခေါင်းခွံကို တစ်ချက်ထဲနဲ့ အက်သွားအောင်လုပ်နိုင်တာကိုး ခုဆို ဟိုကောင်တွေခမျာကြောက်ချီးပန်းပြီး ယုန်တောင်ပြေး ခွေးမြောက်လိုက်ဖြစ်နေကြပြီ

နောက်အပိုင်းမှာဘယ်လိုထပ်ကြိတ်အုံးမလဲ ဆက်လက်စောင့်ကြည့်တာပေါ့ဗျာ ( တကယ် တော်တော် hype မိတဲ့အခန်းဗျ ) အခန်းကြည့်ပြီး ခင်ဗျားတို့လဲအားတက်တယ်မလား

 

 

လာပါပြီ လာပါပြီ အလာကောင်းလို့ အခါသာနှောင်းမယ် ချစ်ညီလေးတော့ မထားခဲ့နိုင်ဘူးဆိုတဲ့ ကိုမျောက်တို့ တံတိုင်းကြီးအပေါ်ဆုံးကနေ marley ကောင်တွေကို ခဲဆန်တွေနဲ့ စပရိုက်တိုက်ပြီ ( မျောက်ငနဲက Aniki လို့မသုံးဘဲ Oni – chan လိုက်ချင်သေး XD )

Levi သာခြေကျိုးလက်ကျိုးမဖြစ်ဘဲ တားနိုင်ခဲ့ရင် Zeke ရောက်ဖို့နေနေသာသာ တောထဲမှာတင် အရိုးတစ်ခြား အသားတစ်ခြားဖြစ်မှာပေါ့ဗျ ဒါပေမဲ့သူရောက်အောင်လာတယ်

ငဗိုင်ကကံမကောင်းအကြောင်းမလှလို့ Yeagerist တွေလက်က လွတ်အောင်ပြေးရတဲ့အချိန်မှာပေါ့

ပုံမှန်ဆို Scout တွေဖို့ အထက်စီးက လေင်္ဘောတွေဗုံးကြဲမဲ့ရန်ကနေ မတားစီးနိုင်ပေမဲ့ Zeke ရောက်လာတော့ အားကိုးရပြီလေ

Beast ဆိုတာကလဲ လွှဲအားများတဲ့ သူ့လက်ရှည်ရှည်ကြီးတွေ ကျောက်တုံးကြီးကို ဖုန်မှုန့်သာသာဖြစ်အောင် ခြေမွလို့ရတဲ့ ဧရာမလက်ဖဝါးကြီးတွေရဲ့ အားကိုပေါင်းစပ်ကြည့်ရင်

လေသင်္ဘောဆိုတာမျိုးလောက်က သွားကြားညှက်ရုံလောက်ဘဲ တကယ်လည်းပစ်ရော လေပေါ်သာမက မြေပေါ်မချန် Marley ကောင်တွေခမျာ ခွေးသေဝက်သေကြနဲ့ အင်အားပါအတော်ထိသွားတယ် အကျအဆုံးက ကြောက်ခမန်းလိလိ

အနီးကပ်ယှဥ်ပစ်ဖို့ကမလွယ် အနားကပ်ဖို့ကမဖြစ် ဘေးနားမှာခြင်ယင်လို ဝဲဝဲနေတဲ့ Scout တွေရဲ့ Thunder Spear ရန်ကလဲကြောက်ရ အကောင်းဆုံး Battle အနေအထားနဲ့ Zeke တစ်ယောက်
မျောက်အုန်းသီးရသလိုပြောရရင် လွဲမှာကိုမဟုတ်ဘူးဗျို့

 

 

Leave a Reply

Your email address will not be published. Required fields are marked *