Aqua man Trident နဲ့ Thor ရဲ့ mjolnir


Aqua man ရဲ့ Trident ဟာလည်း Thor ရဲ့ Mjolnir လိုပဲ God ရဲ့အစွမ်းနဲ့ပြုလုပ်ထားတာဖြစ်ပေမယ့် Thor ရဲ့ mjolnir လောက် သိပ်မကျော်ကြားပါဘူး။

Mjolnir ရော Trident ရောဟာ ထိုက်တန်သူသာ ကိုင်ဆောင်နိုင်တာဖြစ်ပြီး Mjolnir ဟာ မိုးကြိုးအစွမ်းကိုဆင့်ခေါ်အသုံးချနိုင်ပြီး Trident ကတော့ ပင်လယ်ကိုထိန်းချုပ်နိုင်ပါတယ်။ Arthur ဟာ Trident များစွာကို ကိုင်ဆောင်ဖူးပြီး အဲ့ဒီ့ Trident တွေထဲက နှစ်ခုဟာ god Neptune နဲ့ Poseidon တို့ရဲ့ အစွမ်းနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။

DCEU က Trident ဆိုရင်လည်း God poseidon ရဲ့လက်နက်ကိုပြုလုပ်တဲ့ Poseidon သံနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ Neptune နဲ့ Poseidon အနက် Poseidon ရဲ့ Trident ဟာ စွမ်းအားအကြီးဆုံးဖြစ်ပြီး Aqua man အသုံးပြုမှုအများဆုံး ဖြစ်ပါတယ်။ Poseidon ရဲ့ Trident ဟာ Aqua man ကို နတ်ဘုရားတစ်ယောက်လို ဖြစ်အောင်ကိုစွမ်းဆောင်ပေးနိုင်ပြီး အတော်လေးစွမ်းအားကြီးပါတယ်။

တစ်ဖက်မှာလဲ Thor ဟာ နဂိုကတည်းက မိုးကြိုး နတ်ဘုရားဖြစ်ပြီး သူ့ရဲ့လက်စွဲတော် mjolnir ဟာလည်း Thor ရဲ့အစွမ်းတွေကိုစုစည်းပေးတာကြောင့် အတော်လေးကြမ်းတဲ့လက်နက်ဖြစ်ပါတယ်။ Thor ဟာ Mjolnir ကိုအသုံးပြုပြီးလည်း ကောင်းကင်ပေါ်ပျံနိုင်ပါသေးတယ်။ Trident ရော Mjolnir ကောဟာ တကယ့် God တွေကိုသတ်နိုင်တဲ့အထိကို Strong ဖြစ်ကြပေမယ့် Trident ဟာ Mjolnir ထက်သာတယ်လို့ပြောလို့ရပါတယ်။

ဘာလို့ဒီလိုပြောတာလဲ ဆိုရင်တော့ Trident ဟာ ပင်လယ်ကိုထိန်းချုပ်နိုင်ရုံ သာမကမိုးကြိုးအစွမ်းကိုလည်းအသုံးပြုနိုင်ပါတယ်။ သူ့ရဲ့မိုးကြိုးဟာ Shazam ရဲ့ မိုးကြိုးထက်ပြင်းပါတယ်။ ဒါ့အပြင် DC universe တစ်ခုလုံးမှာ Superman ရဲ့အရေပြားကိုဖောက်နိုင်တဲ့ လက်နက်တွေထဲက တစ်ခုလဲ ဖြစ်တဲ့အပြင် Teleport ပါလုပ်နိုင်ပါသေးတယ်။ Trident ဟာ Arthur အလိုရှိတဲ့ပုံစံကိုအမြဲပြောင်းပေးနိုင်ပြီးတစ်ခါတလေ ဓားပုံစံတောင်ပြောင်းနိုင်ပါသေးတယ်။

Mjolnir ဟာလည်းအတော်လေးစွမ်းပေမယ့် Comic အတော်များများ မှာသာမက LA မှာပါ ခဏခဏအဖျက်စီးခံရတာတွေရှိပေမယ့် Trident ကတော့ ပျက်စီးမှုဆိုတာမရှိသလောက်ရှားတာတော့အမှန်ပါဘဲ။ Trident ဟာ DC universe မှာအတော်လေးရှားပါးတဲ့ Superman ရဲ့အရေပြားကို ဖောက်နိုင်တဲ့လက်နက်တွေထဲကတစ်ခုလဲ ဖြစ်တယ်ဗျ။

DC universe ရဲ့ထုံးစံအတိုင်းပဲ Trident ရဲ့စွမ်းအားဟာ အကန့်အသတ်မရှိသလိုပါဘဲ။ သို့ပေမယ့် Marvel နဲ့ DC Crossover တစ်ခုခုမှာ Thor နဲ့ Aqua man vs Battle ကိုအသေအချာလေးတွေ့ရမှာပါ Trident နဲ့ Mjolnir တို့အနက်ဘာကပိုသာလဲဆိုတာကိုအသေအချာသိရမှာဖြစ်ပါတယ်။

T

Leave a Reply

Your email address will not be published. Required fields are marked *