Apex canal random facts


Apex canal ရဲ့ random facts လေးတွေပြန်လာပါပြီနော်။ အားလုံးပဲအားပေးကြပါအုန်းဗျ။

 

Lex Luthor ဟာ Batman ပြီးရင် သူကသာဉာဏ်အကောင်းဆုံးလို့ သူ့ကိုယ်သူသတ်မှတ်ထားသူဖြစ်ပါတယ်။

Newt ရဲ့ဘဝမှာအကြောက်ဆုံးအရာဟာ စားပွဲနဲ့ထိုင်ခုံနဲ့အလုပ်လုပ်ရတဲ့ရုံးအလုပ်တွေပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Newt ရဲ့ငယ်စဥ်တုန်းက အကြောက်တရားကိုရယ်စရာအဖြစ်ပြောင်းလဲစေတဲ့ဂါထာသင်တဲ့အချိန်မှာ သူများတွေလိုမဟုတ်ပဲ သူ့ရဲ့အကြောက်တရားဟာ စားပွဲရယ်ထိုင်ခုံရယ် စာရွက်စာတမ်းတွေဖြစ်နေလို့ပါ။

 

Amazo virus ဟာ Superman ကို effects မဖြစ်ပေမယ့် Anti life virus ခေါ် Zombie virus ကတော့ effective ဖြစ်ပါတယ်။ (Amazo virus ဆိုတာဟာလူတွေကို Amazo စက်ရုပ်တွေလိုဖြစ်အောင်လုပ်တဲ့ virus ဖြစ်ပါတယ်။)

DC vs Marvel Crossover တစ်ခုမှာ Wonderwoman နဲ့ Superman ဟာ Thor ရဲ့တူကို Worthy ဖြစ်ခဲ့ဖူးပါတယ်။

Voldemot ရဲ့ Hollow လည်းဖြစ်တဲ့ Naginiဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

 

Yutta ရဲ့ Curse energy ဟာ Gojo ထက်သာပါတယ်။ ဒါပေမယ့် Gojo က Sixth eye ရှိတဲ့အတွက် Curse energy ကုန်ဆုံးမှုကို 0 ထိလျှော့ချနိုင်တဲ့အတွက် Gojo satoru ဟာ Jujustu ပညာရှင်တွေထဲမှာအတော်ဆုံးဖြစ်နေခဲ့တာဖြစ်ပါတယ်။

Shazam ရဲ့ စွမ်းအားတွေဟာ God 6 ယောက်ဆီက ရတာဆိုပေမယ့် Atlas က god မဟုတ်ပါဘူး။ Myth အရဆိုရင် ကမ္ဘာကြီးကိုထမ်းထားရတဲ့ Titans ပဲ ဖြစ်ပါတယ်။

Sentry ဟာ Marvel ရဲ့ Strongest hero တွေက တစ်ယောက်ဆိုပေမယ့် လူကြောက်တတ်သူတစ်ယောက်ဖြစ်ပါတယ်။

Jason ဟာ Batman ရဲ့လက်စွဲစကားဖြစ်တဲ့ I’m vengeance I’m the night ရဲ့စကားကို အခြား Bat family members တွေလို ရုပ်တည်ကြီးနဲ့ မပြောတတ်တဲ့ တစ်ဦးတည်းသော robin ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *