အများထင်သလောက်မဆိုးရှာတဲ့ Ezra miller


Hawaii မှာအတော်လေး ပြသာနာ တက်
နေတဲ့ Ezra miller ဟာ ခဏခဏ jail အောင်းနေရတာကြောင့် fan တွေရဲ့ဝေဖန်မှုနဲ့အတူ DC က ​နေပြုတ်စော် နံ နေပါပြီ။
လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ Ezra ဟာ Ana Rosa ဆိုတဲ့ မိန်းကလေးနဲ့ သူမရဲ့ ကလေးတွေကို
​ခြံ တစ်ခြံထဲမှာ လက်နက်တွေနဲ့အတူ
ပြန်ပေးစွဲထားတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

ဒီသတင်းတွေကြောင့် Ezra ရဲ့ နာမည်ဟာ
ဆိုးသည်ထက်ဆိုးလာပါတော့တယ်။
လာမယ့် SDCC 2022 မှာတောင်
Flash trailer ကို မြင်ရဖို့မသေချာတော့ပါဘူး။

ဒီလို ဒုက္ခတွေရောက်နေတဲ့ Ezra ဟာ
အများကထင်သလို
လူဆိုး
တစ်ယောက်မဟုတ်ပါဘူးလို့
Ezra နဲ့အတူ ရှိနေခဲ့တဲ့ Ana က ဆိုလာပါတယ်။

တစ်ရက်မှာ Ezra ဟာ Ana ရဲ့ အမာရွတ်အချို့ကိုတွေ့တော​့ ဘယ်လိုဖြစ်တာလဲ လို့မေးပါတယ်။
ကျွန်မ ရဲ့ Ex Husband ကြောင့်ဖြစ်မှန်းသိတော့ကျွန်မနဲ့ ကျွန်မ ကလေးတွေကို
ကာကွယ်ဖို့ သူက လုံခြုံတဲ့
အဲ့ဒီ့ ခြံမှာဖွက်ပေးထားတာ ဖြစ်တယ်လို့ဆိုလာပါတယ်။

လက်နက်တွေကိုလည်းကလေးတွေနဲ့
ဝေးရာမှာထားတာဖြစ်ကြောင်း
အလွန်ဂရုစိုက်တတ်ပြီးသဘောထား
ကောင်းသူ တစ်ယောက်ဖြစ်ကြောင်းပြောလာပါတယ်။

Ezra ဟာ အရင်ကတည်းက လက်နက်ဆောင်တတ်သူ တစ်ယောက်ဖြစ်တာမို့ သူ့မှာ လက်နက်တွေရှိတာ
သိပ်တော့မဆန်းလှပါဘူး။
အဆိုပါအမျိုးသမီးရဲ့ စကားအရ
Ezra miller နဲ့ ပတ်သက်ပြီး ထွက်လာတဲ့
သတင်းတွေဟာ သူ့ကိုနာမည်ဖျက်ဖို့ချောက်တွန်း ပုတ်ခတ်ကြတာပါလို့
ပြောပါတယ်။
Ezra miller ဟာ သူမရဲ့သားသမီးတွေကိုလည်း အတော်လေးဂရုစိုက်ကြောင်းလည်း​ပြောလာပါတယ်။

Ezra ဟာ လက်ရှိ မှာ ရင်ဆိုင်စရာ အမှုတွေ တစ်သီကြီးရှိနေပြီး DCEU ရဲ့အနာဂတ်လို့ပြောလို့ရတဲ့ The Flash movie ဟာလည်း
Ezra ရဲ့အမှု အခြေအနေကိုစောင့်ကြည့်နေရတဲ့အနေအထားမှာရှိနေပါတယ်။
.
.
.
.
#zin
#apexcanal

Leave a Reply

Your email address will not be published. Required fields are marked *